မြန်မာရဲများက အပြစ်မဲ့ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ညှင်းပမ်းနှိပ်စက်နေ

Words
88
Reading
1 min
Listen
Play
8y


ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ရက်တွင် ဘူးသီးတောင်မြို့နယ် (၂)ရပ်ကွက်မှ ရိုဟင်ဂျာ မွတ်စလင်တစ်ဦးကို ဘူးသီးတောင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကာ ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက R Visionသို့ သတင်းပေးပို့ထားပါတယ်။

ဖြစ်စဉ်မှာ ဘူးသီးတောင် ရဲတပ်ဖွဲ့ စခန်းမှ ရဲများက (၂)ရပ်ကွက်တွင်နေထိုင်သော မိုဟမ္မဒ်ရှော်ဖီးကို မည်သည့် ပြစ်မှုတစုံတရာမှ မရှိပဲ ဖမ်းဆီးခေါ်ဆောင် သွားကာ လူမဆန်စွာရိုက်နှက်ကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ မိမိတို့နိုင်ငံတွင်းရှိ ပြည်သူများကို ကာကွယ် စောင့်ရှောက် ပေးရမည့် အချိန်တွင် အပြစ်မဲ့ ရိုဟင်ဂျာများကို ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ကာ နှိပ်စက်မှုများ ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်။

ယခင်မှာလည်း ကျေးရွာတွင်း နေထိုင်ကြသော အပြစ်မဲ့ ရိုဟင်ဂျာများကို ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေညှစ်ခြင်း၊ ထောင်ချခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုကို ရင်ဆိုင်နေကြသော ရိုဟင်ဂျာ မွတ်စလင်များ အနေနဲ့ မိမိတို့ အိုးအိမ် စွန့်ခွာပြီး အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခိုလှုံ နေကြရချိန်မှာ မြန်မာနိုင်ငံတွင်း ကျန်ရှိနေခဲ့တဲ့ အင်အားနည်း ရိုဟင်ဂျာတွေကို မြန်မာအစိုးရက နည်းမျိုးစုံဖြင့် ဆက်လက် ညှင်းပမ်းနေခြင်းပဲဖြစ်ပါတယ်။
Photo Credit:MalayMail

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%9b%e1%80%b2%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80-%e1%80%a1%e1%80%bb%e1%80%95%e1%80%85%e1%80%b9%e1%80%99%e1%80%b2%e1%80%b7%e1%80%9b/
မြန်မာရဲများက အပြစ်မဲ့ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ညှင်းပမ်... | Ecency