မြန်မာစစ်တပ်၏ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုကို ခံကြရသော ရိုဟင်ဂျာများက တရားမျှတမှုကို...

Words
149
Reading
1 min
Listen
Play
8y


မြန်မာစစ်တပ်ရဲ့ လူမဆန်စွာ ရက်စက်မှုတို့ကြောင့် များစွာသော ရိုဟင်ဂျာများ သေဆုံးခဲ့ကြရပြီး သေလုမျှောပါး ဒဏ်ရာများ ရရှိခဲ့သော်လည်း အသက်မသေပဲ စိတ်ဒဏ်ရာများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများသို့ ထွက်ပြေး ခိုလှုံနေကြသော ခိုကိုးရာမဲ့ ရိုဟင်ဂျာ ဒုက္ခသည်များက ယနေ့ထိတိုင် ထိုသူတို့အတွက် တရားမျှတမှုကို မျှော်လင့်လျက်ရှိနေကြပါတယ်။

၂၀၁၇ခုနှစ် နောက်ဆုံးပိုင်းတွင် မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ကြည်ဆံထိမှန်ခဲ့သော မောင်တောမြို့နယ် Bor-gojibil ကျေးရွာမှ မူဟမ္မဒ်ဟူစိန်၏သားဖြစ်သူ မူဟမ္မဒ်အနက်(စ်)၊ အသက်(၂၀) ဖြစ်သူရဲ့ ဒဏ်ရာတွေ သက်သာသွားခဲ့ပေမယ့် တရားမျှတမှုကို မရရှိသေးသရွေ့ မြန်မာနိုင်ငံသို့ မပြန်လိုကြောင်းပြောဆိုပါတယ်။

alt

ဦးအဒူဆလာမ်၏ သားဖြစ်သူ ဂျာဖောရ်အာလောမ် (၂၂)နှစ်ကလည်း ၂၀၁၇ခုနှစ်တွင် မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကြည်ဆံထိမှန်ခဲ့ပြီး ယခုအချိန်မှာ ဒဏ်ရာပျောက်ကင်း သက်သာသွားပေမယ့်လည်း တရားမျှတမှုအတွက် စောင့်ဆိုင်းနေပါတယ်။

alt

မြန်မာစစ်တပ်က လူသားချင်းစာနာမှု ကင်းမဲ့စွာဖြင့် ပြုမှုခဲ့တာတွေကို မောင်တောမြို့နယ်က မူဟမ္မဒ်အနဝါရ်နှင့် နူရ်ခါတူတို့၏ သမီးဖြစ်သူ မဖာတေမာခါတူလည်း ခံစားခဲ့ရပြီး သူမရဲ့ခင်ပွန်းဖြစ်သူ ခိုင်ရူလ်အာမိန်ကို ပစ်သတ်ခဲ့ပြီး သူမကိုတော့ အဓမ္မ ပြုကျင့်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ယနေ့ချိန်မှာ သူမရဲ့ ပြင်ပဒဏ်ရာတွေ သက်သာသွားခဲ့ပေမယ့် သူမရဲ့ စိတ်ဒဏ်ရာတွေ ကတော့ အမြဲကျန်ရှိနေပါတယ်။

alt

ဦးရှော်ဘီရ်အမတ်နှင့် ဒေါ်နူရ်ဂျဟန်တို့၏ သားဖြစ်သူ နူရ်မူဟမ္မဒ် (၂၈)နှစ်ကိုလည်း မြန်မာစစ်တပ်က ပတ်ခတ်ခဲ့ပြီး ထိုပစ်ခတ်ခံခဲ့ရသည့် ဒဏ်ရာများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရာ ယနေ့ချိန်ထိ အသက်ရှင်လျက် ကျန်ရှိနေကာ ထိုသူခံစားခဲ့ရသည့် မတရားမှုအတွက် တရားမျှတမှုကို မျှော်လင့်နေပါတယ်။

alt

မောင်တောမြို့နယ်မှ ဦးမူဟမ္မဒ်ယာစီးန်၏သား ကော်လီမူလ္လာ အသက်(၁၉)နှစ်ကလည်း မြန်မာစစ်တပ်မှ ပစ်ခတ်ခဲ့သည့် ကျည်ဆံထိမှန် ဒဏ်ရာများဖြင့် ထွက်ပြေးခိုလှုံ ခဲ့ရသူ တစ်ဦးပဲ ဖြစ်ပါတယ်။

alt

ဦးဟရွန်ရော်ချိတ်၏ သားဖြစ်သူ နဝါဘ်ရှော်ရိဖ်ကလည်း ကျည်ဆံထိမှန် ဒဏ်ရာများ ဖြင့် ထွက်ပြေးခဲ့ရာမှ အသက်ရှင်လျက် ကျန်ရှိနေသူ ဖြစ်ပါတယ်။

alt

လက်ရှိဖော်ပြထားသည့် မြန်မာစစ်တပ်၏ လူမဆန်စွာ သတ်ဖြတ်မှုကို ခံခဲ့ကြရသော်လည်း အသက်မသေပဲ ကျန်ရှိနေသူများထဲမှ တစ်ချို့ပဲ ဖြစ်ပါတယ်။၂၀၁၇ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုများ စတင်ချိန်မှ ရိုဟင်ဂျာမွတ်စလင်များက မြန်မာစစ်တပ်၏ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများကို ခံစားခဲ့ကြရသော်လည်း ယနေ့ထိတိုင် ထိုသူတို့အတွက် တရားမျှတမှုကို မရရှိသေးပေ။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%81%8f-%e1%80%8a%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%99%e1%80%b9%e1%80%b8/