မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ တိုက်ပွဲကြောင့် ကျေးရွာနေရိုဟင်ဂျာများ ပိတ်မိနေ

Words
132
Reading
1 min
Listen
Play
7y


မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်(AA) တို့ကြား ဖစ်ပွားနေတဲ့ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး ယနေ့ ၂၀၁၉ ခုနှစ် မတ်လ (၁၉) ရက်နေ့မှာ လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေ အသုံးပြု ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် မြောက်ဦးမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေ ကျေးရွာတွင်းမှာ ပိတ်မိနေကြောင်း သတင်းပေးပို့ထားပါတယ်။

ဒီကနေ့မနက် (၇)နာရီခန့်ကစပြီး မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ လက်နက်ကြီးတွေနဲ့ အပြင်းထန် ပစ်ခတ်နေတာကြောင့် မြောက်ဦးမြို့မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေ အလွန်မှ ကြောက်ရွံ့ထိန့်လန့် နေကြပါတယ်။

"ကျွန်တော်တို့ ရဟတ်ယာဉ် (၅)စင်း ကောင်းကင်ကနေ စတင်တိုက်ခိုက်နေတာ တွေ့ခဲ့ရပြီး ကျွန်တော်တို့ရဲ့ အသက်ရှင် နေထိုင်ရေးအတွက် အလွန်ပဲ စိုးရိမ်နေကြရပါတယ်" လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။ ပြင်းထန်တဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာနေ ရခိုင်လူမျိုးများက ဘေးကင်းရာသို့ ရွှေ့ပြောင်း နေကြတာကိုလည်း တွေ့ရပါတယ်။

နောက်ဆုံးရ သတင်းမှာတော့ နယ်မြေတွင်း သေနတ်သံတွေ ပြင်းထန်စွာ ကြားနေရပြီး ပစ်ခတ်မှုတွေ ပိုမို ပြင်းထန်လာချိန် အနီးနားမှာရှိတဲ့ ရခိုင်လူမျိုးတွေက ဘေးကင်းရာသို့ ပြောင်းရွှေ့ ချီတက် သွားကြပေမယ့်လည်း ကျေးရွာတွင်းရှိတဲ့ ရိုဟင်ဂျာတွေက မိမိတို့နေအိမ် အတွင်းမှာပဲ စိုးရိမ် ထိန့်လန့်စွာ ကျန်ရှိနေခဲ့ရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကလည်း ကျောက်တော်မြို့မှာ ရိုဟင်ဂျာသုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြပြီး တစ်ဦးမှာ အရေးပေါ် အခြေနေသို့ ရောက်ရှိနေခဲ့တဲ့အပြင် နေအိမ်များလည်း ပျက်စီးကာ အိမ်မွေး တိရစ္ဆာန်တွေလည်း သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့ကတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးစု တည်ရှိခကြောင်း သမိုင်းရှိခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်ကစပြီး ရိုဟင်ဂျာတွေကို လူမျိုးရေး သုတ်သင် ရှင်းလင်းမှု ပြုလုပ်ရာကနေ ရိုဟင်ဂျာ ကျေးရွာတွေ အနည်းငယ်သာ ကျန်ရှိနေခဲ့ပြီး လူအများစုကတော့ စစ်တွေမြို့နဲ့ ရခိုင်ပြည်နယ်ရဲ့ တစ်ခြားမြို့တွေမှာရှိတဲ့ IDP စခန်းတွေမှာ ရှိနေကြပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%9b%e1%80%81%e1%80%ad%e1%80%af-4/