ရိုဟင်ဂျာကျောင်းသားတွေကို ဘာသားရေးစာသင်ဆုချီးမြှင့်ပွဲ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတ...

Words
74
Reading
1 min
Listen
Play
7y


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်တွေ အများစုခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းမှာ ၂၀၁၉ခုနှစ် မတ်လ (၂၂)ရက်နေ့မှာ မဒရာဆာ(ဘာသာရေးစာသင်ကျောင်း) ကျောင်းသားတွေကို ဆုချီးမြှင့်တဲ့ အခမ်းနားတစ်ရပ် ကျင်းပခဲ့ပါတယ်။

အနာဂတ် ရိုဟင်ဂျာလူငယ် ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ဒုက္ခသည် စခန်းမှာရှိတဲ့ မဒရာဆာ (ဘာသာရေးစာသင်ကျောင်း)မှာ ဆုချီးမြင့်ပွဲ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

  • alt
  • alt
  • alt

ထိုပွဲကို မဒရာဆာမှ တာဝန်ရှိလူကြီးများက ဦးဆောင် ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ကျောင်းသာတွေဟာ အမှန်တကယ် စိတ်လှုပ်ရှားနေကြတာတွေ့ရှိခဲ့ရပြီး ကျောင်းတွင်း ပညာရည်ထူးချွန်မှုအတွက် အသိမှတ်ပြုသည့် အနေဖြင့် ဆုချီးမြှင့်ပေးရန် ခက်ခဲသည့်ကြားမှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆရာတစ်ဦးက ပြောဆိုလိုက်ပါတယ်။

အစောပိုင်းကာလမှာလည်း ခုလိုအခမ်းအနားတစ်ချို့ကို ကျောင်းမှ စီစဉ်ကျင်းပပေးခဲ့ခြင်းများရှိခဲ့ပြီး ထိုကဲ့သို့ စီစဉ်ပေးခဲ့ခြင်းဟာလည်း ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုပေးခြင်းပဲ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်ကစပြီး ရိုဟင်ဂျာ လူဦးရေ တစ်သန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရပြီး ရိုဟင်ဂျာမျိုးဆက် လူငယ်တွေရဲ့ အနာဂတ်ဟာ မရေရာမသေချာပဲ မှောင်မိုက်လျက်ရှိနေပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%9b%e1%80%ad%e1%80%af%e1%80%9f%e1%80%84%e1%80%b9%e1%80%82%e1%80%ba%e1%80%ac%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc/