များပြားလှတဲ့ ရိုဟင်ဂျာဒုက္ခသည်ဦးရေအတွက် မလေးရှားနိုင်ငံမှ ဖြေရှင်းလို့ မနိုင်တော့

Words
135
Reading
1 min
Listen
Play
8y


22.10.2018

မြန်မာနိုင်ငံကရိုဟင်ဂျာတိုင်းရင်းသားအရေးဟာ မလေးရှားနိုင်ငံကိုလည်း သက်ရောက်မှုတွေ ရှိသွားတဲ့အတွက် မလေးရှားကို ရောက်လာရှိနေကြတဲ့ ရိုဟင်ဂျာတွေနဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို ကြည့်ခြင်းအားဖြင့် ဒါဟာ ပြည်တွင်းရေးပြဿနာ သက်သက်မဖြစ်နိုင်ဘူးလို့ ၁၂ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မလေးရှား ကာကွယ်ရေးဝန်ကြီး Mohamad Sabu က ပြောလိုက်ပါတယ်

မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကျော် ရှိနေပြီး UNHCRရုံးမှာ မှတ်ပုံတင်ထား သူတွေချည်းပဲသာ မဟုတ်ကြကြောင်းနဲ့ ဒုက္ခသည် အများအပြားရဲ့ ဒဏ်ကို မလေးရှားက မခံနိုင်ဘူးလို့ ဝန်ကြီး Mohamad Sabu က ပြောကြားချက်ကို မလေးရှားအစိုးရအာဘော် Bernama သတင်းမှာ ဖော်ပြထားပါတယ်။

စင်္ကာပူမှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM နဲ့ ၅ ကြိမ်မြောက် ADMM-Plus အစည်းအဝေးတွေကို မလေးရှားနဲ့အတူ မြန်မာလည်း တက်ရောက်နေတာ ဖြစ်ပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်အောင် မြန်မာဘက်က လုပ်ဖို့လိုအပ်ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက အစည်းအဝေးမှာပြောပါတယ်။

မလေးရှားဘက်မှ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ အတွက် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက Cox’s Bazar မှာ ဆေးခန်းဖွင့်ပေးပြီး ဘင်္ဂလားဒေ့ရှ်ကို အကူအညီပေးနေကြောင်း၊ဆော်ဒီအာရေဗျ၊ UAE နဲ့ ဘရူနိုင်းအပါအဝင် နိုင်ငံအများအပြားကလည်း မလေးရှားကိုအကူအညီတွေ ပေးနေတယ်လို့ပြောပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သတ်ပြီး မြန်မာအစိုးရဘက်မှ အကူအညီပေးဖို့ တခြားနိုင်ငံအများအပြားကလည်း လိုလားနေပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး NLD အစိုးရကလည့်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ အမှားလုပ် ထားတာမရှိကြောင်း၊ NLD အစိုးရဟာ နှစ်ပေါင်းများစွာ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပြီးမှ အခုလို စီမံခန့်ခွဲနိုင်တဲ့နေရာကို ရလာတာဖြစ်ကြောင်း၊ ရခိုင်အရေးနဲ့ပတ်သတ်လို့ နိုင်ငံတကာက ဖိအားပေးနေတာတွေကို အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းကို NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောခဲ့ပါတယ်။


Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%9c%e1%80%bd%e1%80%90%e1%80%b2%e1%80%b7-%e1%80%9b%e1%80%ad%e1%80%af%e1%80%9f%e1%80%84%e1%80%b9%e1%80%82%e1%80%ba%e1%80%ac/

များပြားလှတဲ့ ရိုဟင်ဂျာဒုက္ခသည်ဦးရေအတွက် မလေးရှားနိုင်ငံမှ ဖြေရှင်း... | Ecency