နယ်ခြားစောင့်ရဲတပ်ဖွဲ့က အပြစ်မဲ့ရိုဟင်ဂျာတစ်ဦးကို မတရားစွပ်စွဲကာ ဖမ်းဆီခေါ်ဆောင်

Words
90
Reading
1 min
Listen
Play
8y


ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ဖိုးခေါင်ချောင်းကျေးရွာတွင် နေထိုင်သော အပြစ်မဲ့ ရိုဟင်ဂျာတစ်ဦးကို မြန်မာ နယ်ခြားစောင့်ရဲများက ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက R Visionသို့ သတင်းပေးပို့ ထားပါတယ်။

ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသည့် အပြစ်မဲ့ ရိုဟင်ဂျာ၏ အမည်မှာ မူဟမ္မဒ်ဇကရီယာဖြစ်ပြီး မြန်မာနယ်ခြားစောင့် ရဲများက ထိုသူအား ARSAအဖွဲ့တွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲကာ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့မှာ တောင်ဘဇာရှိ နယ်ခြားစောင့် ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာပဲ ဖြစ်ပါတယ်။

ထိုသို့ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက်တွင် အပြစ်မဲ့ ရိုဟင်ဂျာတစ်ဦးဖြစ်သူ မူဟမ္မဒ် ဇကရီယာအား နည်းအမျိုးမျိုးဖြင့် ညှင်းပမ်း နှိပ်စက်ပြီးနောက် ငွေကျပ် ရှစ်သိန်းခွဲ ညှစ်ယူကာ ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။

မည်သည့်ပြစ်မှုတစုံတရာမှကျူးလွန်ခြင်း မရှိသည့် မြန်မာနိုင်ငံတွင်း ကျန်ရှိနေတဲ့ ကျေးရွာနေ အပြစ်မဲ့ ရွိုဟင်ဂျာများကို ယခုကဲ့သို့ မတရားသဖြင့်ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်နေခြင်းမှာ လူနည်းစု ရိုဟင်ဂျာတို့အတွက် တရားမျှတမှုမရှိခြင်းကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။
Photo Credit: PressTv

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%94%e1%80%9a%e1%80%b9%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%b1%e1%80%85%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%9b%e1%80%b2%e1%80%90%e1%80%95%e1%80%b9%e1%80%96%e1%80%bc%e1%80%b2%e1%82%95-2/