မောင်တောမြို့နယ်တွင် ရိုဟင်ဂျာနေအိမ် ၅လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

Words
104
Reading
1 min
Listen
Play
8y


မောင်တောမြို့။ ။၂၀၁၉ခုနှစ် မတ်လ ၄ရက် မနက် ၁၂:၃၀အချိန်ခန့်တွင် မောင်တောမြို့နယ် အမှတ်(၅)ရပ်ကွက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှ နေအိမ်၅လုံး လောင်ကျွမ်းသွားခဲ့ကြောင်း သိရပါတယ်။

ဦးဆွေတာမတ်၏ သားဖြစ်သူ ဦးမမတ်အာလောမ် နေအိမ်မှ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ထိုသူ၏ အကိုဖြစ်သူ ဦးအဒူမူနာဖ် နေအိမ်နှင့် လက်ဖက်ရည်ဆိုင်၊ ဦးဆော်ယောဒ်အာလောမ်၏ နေအိမ်နှင့် ထိုသူ့ ညီနှစ်ယောက်ရဲ့ နေအိမ်များ မီးလောင်ပြာကျ သွားခဲ့ပါတယ်။

မနက် ၁၂:၃၀မှာ မီးလောင်ကျွမ်း ခဲ့တာဖြစ်ပြီး မနက် ၁နာရီခွဲခန့်မှာ မီးသတ်ကားတွေ ရောက်ရှိလာပြီး မီးငြိမ်းသတ် နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မီးသတ်ကားများ မရောက်ရှိ လာခဲ့ပါက မီးလောင်ကျွမ်းသည့် နေအိမ်များ၏ မြောက်ဘက်မှ အိမ်များအားလုံး မီးလောင်ကျွမ်းသွားနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။ နေအိမ်များမှ ပစ္စည်းတစ်စုံတစ်ရာမှ မထုတ်ယူနိုင်ခဲ့ကြောင်းနှင့် မည်သူမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။

မြို့နယ်စခန်းမှူး၏ မှာကြားချက်ကြောင့် နံနက်၈နာရီအချိန်ခန့်တွင် အိမ်ပိုင်ရှင်များက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ် နှင့်အတူ သွားရောက်တွေ့ဆုံခဲ့ရာ မီးဘေးသင့် အိမ်ရှင်များကို စခန်းမှူးနှင့် ဝင်တွေ့ခွင့်မပေးပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးထဲသာလျင် ရဲစခန်းသို့ ဝင်ရောက် တွေ့ဆုံခဲ့ပါတယ်။

ရဲစခန်းသို့ မသွားရောက်မှီ အိမ်ရှင်တစ်ဦးလျင် သိန်းနှစ်ဆယ်နှုန်း ပေးရမည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောဆိုကာ စခန်းမှူးမှ ငွေညှစ်သည့်ချိန်တွင် ထိုသူက အမြတ်ထုတ်ရန် ကြိုတင်ကြံစည်ခြင်းပဲ ဖြစ်ပါတယ်။
Source: Rohingya Today

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%b1%e1%80%99%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%9b-2/
မောင်တောမြို့နယ်တွင် ရိုဟင်ဂျာနေအိမ် ၅လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား | Ecency