အနော်မာရပ်ကွက်တွင် ဘုန်းကြီးဆွမ်းလောင်းဖို့အတွက် အစ္စလာမ်ဘာသာဝင်များအား ဖိအားပေး ငွေညှစ်

Words
81
Reading
1 min
Listen
Play
8y


By Rohingya Vision TV Correspondents

၂၅.၁၀.၂၀၁၅

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အနော်မာရပ်ကွက်တွင် ဘုန်းကြီးများအား ဆွမ်းလောင်းဖို့အတွက် ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်များအား အမျိုးမျိုးဖိအားပေး ငွေညှစ်နေကြောင်းသိရပါတယ်။

လာမဲ့ ၂၀၁၈ခုနစ်၊ နိုဝင်ဘာလ ၄ရက်နေ့တွင် သာကေတမြို့နယ် အနော်မာရပ်ကွက်အတွင်း ရန်ကုန်တိုင်းဘုန်းကြီးများအား ဆွမ်းစံစိမ်းလောင်းလှူပွဲပြုလုပ်မှာဖြစ်တာကြောင့် ၄င်းရပ်ကွက်အတွင်းမှ ပိတ်ထားခြင်းခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ အနော်မာ ၄ လမ်းမှ ဗလီ၊ ၇ လမ်းပတ်လမ်းမှဗလီ ၊ ၁၂ လမ်းမှ ဗလီနဲ့ ၁၁ လမ်းစတဲ့ ဗလီဝတ်ကျောင်းတော် ၄လုံးမှ အတင်းအဓမ္မ အလှူငွေကောက်ခံနေကြောင်း ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက RVision သို့သတင်းပေးပို့ခဲ့ပါတယ်။

ဘာသာရေးဆိုင်ရာလူကြီးများက ဗလီများပိတ်ထားတာကြာပြီမို့ လှူဒါန်းမဲ့သူများလည်းမရှိတာကြောင့် အလှူငွေပေးရန်မရှိကြောင်း ပြောသောအခါ အနော်မာရပ်ကွက် ၁၄ လမ်းမှာနေထိုင်တဲ့ အုပ်ချုပ်ရေးမှူးရဲထွန်းဆိုသူက မရမကအတင်းအဓမ္မတောင်းနေတာမို့ ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးကိုလေးကပဲ ငွေကျပ် ၁၀ သိန်းလှူဒါန်းခဲ့ရပါတယ်။

ဒါတင်မကသေးပဲ ယခင်ဗလီတွင် စာသင်ခဲ့ကြသော ကျောင်းသားလေးများကို ဘုန်းကြီးများအား ဆွမ်းလောင်းမဲ့နေ့တွင် တူညီဝတ်စုံများဝတ်ခိုင်းစေခဲ့ပြီး ဆွမ်းဆံစိမ်းလောင်းရမယ်လို့ ၄င်းအုပ်ချုပ်ရေးမှူးဆိုသူက ဖိအားပေးခဲ့ကြောင်းသိရပါတယ်။

 


Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%a1%e1%80%b1%e1%80%94%e1%80%ac%e1%80%b9%e1%80%99%e1%80%ac%e1%80%9b%e1%80%95%e1%80%b9%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%98%e1%80%af%e1%80%94%e1%80%b9/

အနော်မာရပ်ကွက်တွင် ဘုန်းကြီးဆွမ်းလောင်းဖို့အတွက် အစၥလာမ္ဘာသာ၀င္မ်ား... | Ecency