ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာကျောင်းသူ/သားများ ပညာသင်ကြားခွင့်ရရှိရန် ဆန္ဒဖေါ်ထုတ်

Words
114
Reading
1 min
Listen
Play
8y


ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၆ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ နော်ယာဖါရာ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ကျောင်းသူ/သားများက စုဝေး ဆန္ဒဖေါ်ထုတ်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဆန္ဒဖေါ်ထုတ်ခဲ့ရာ အရပ်မှ ရိုဟင်ဂျာတစ်ဦးက Rohingya Visionသို့ သတင်းပေးပို့ ထားပါတယ်။

၁၉၉၀ခုနှစ်မှစ၍ ယနေ့ထိတိုင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ သန်းနှင့်ချီကာ ထွက်ပြေး ခိုလှုံနေကြရသော
လူမျိုးတုန်း သတ်ဖြတ်မှုရှောင် ရိုဟင်ဂျာလူမျိုးစု အနေနှင့် ယခင်က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းရှိ ကျောင်းများတွင် တရားဝင် ပညာသင်ကြားခွင့် ရရှိခဲ့ကြသော်လည်း ယခုအချိန်တွင်မူ ရိုဟင်ဂျာ ကျောင်းသူ/သားများကို လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ပြီး ကျောင်းဝင်ခွင့် ပိတ်ပင်ကာ ရိုဟင်ဂျာ လူငယ်များရဲ့ ပညာသင်ကြားရေးကို ရပ်စဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။

alt၆ရက်နေ့တွင် နော်ယာဖါရာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ကျောင်းသူ/သားများ ဆန္ဒထုတ်ဖေါ်နေပုံ (ဓာတ်ပုံ- ရိုဟင်ဂျာဗီးရှင်း)

ပညာသင်ကြားခွင့် မရသည့် အပြစ်မဲ့ရိုဟင်ဂျာ လူငယ်တွေရဲ့ အနာဂတ်ဟာ မှောင်မိုက်နေမှာ ဖြစ်တဲ့အတွက် ထိုသူတို့၏ မိဘများက လွန်စွာစိုးရိမ် နေကြပါတယ်။ ရိုဟင်ဂျာကျောင်းသူ/သားတွေအနေနဲ့ မျှော်လင့်ချက် မဲ့နေတဲ့အခြေနေကို ရောက်ရှိနေသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပညာရေး ဝန်ကြီးဌာနရုံးရှေ့မှာ ဆန္ဒထုတ်ဖေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

ရိုဟင်ဂျာလူငယ်တွေအနေနှင့် ပညာဆက်လက် သင်ကြားခွင့်ရရန် ဆန္ဒထုတ်ဖေါ်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အသင်းဖွဲ့များနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရမှ ထိုသူတို့၏ အနာဂတ်အတွက် ပညာသင်ကြားခွင့်ပြုရန် တောင်းဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြရသော ရိုဟင်ဂျာများက မိမိတို့မူလဒေသဖြစ်သော မြန်မာနိုင်ငံတွင်လည်း ဆယ်စုနှစ်ပေါင်းများစွာထိ ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ခံခဲ့ရသည့်အပြင် ယခုချိန်တွင် မိမိတို့ခိုလှုံနေကြသည့်နိုင်ငံအသီးသီးတွင်လည်း ခွဲခြားဆက်ဆံမှုများကို ဆက်လက် ခံနေကြရတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected]သို့ E-mailမှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%82%e1%81%a4%e1%80%9c%e1%80%ac%e1%80%b8%e1%80%b1%e1%80%92%e1%80%b7%e1%80%9b%e1%80%bd%e1%80%b9%e1%80%99%e1%80%bd-%e1%80%9b%e1%80%ad%e1%80%af%e1%80%9f%e1%80%84%e1%80%b9%e1%80%82-2/
ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာကျောင်းသူ/သားများ ပညာသင်ကြားခွင့်ရရှိရန် ဆန... | Ecency