ဒေါက်တာမဟာသီရ်အား ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီရေးမှာ ဦးဆောင်ပါဝင်ဖို့ DAP အမတ်က ပြော

Words
103
Reading
1 min
Listen
Play
8y


03.10.2018

မလေးရှားအစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူနည်းစုတွေအပေါ် မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ရပ်တန့်စေရန် ဆန့်ကျင်ရေး ဖိအားတွေပေးဖို့နဲ့ ဒုက္ခသည်တွေ၎င်းတို့နေရပ်ပြန်တဲ့အခါ နိုင်ငံသားဖြစ်ခွင့်အပြည့်အ၀ အာမခံရရှိစေရန် အာစီယံနိုင်ငံအသီးသီးမှ အမတ်လောင်းတွေ သံအမတ်စတဲ့ပုဂ္ဂိုလ်တွေကို ထောက်ခံပေးရန်ဆွယ်ရမယ်လို့ DAP အမတ် Charles Santiago ကပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကလန်းအမတ်ကလည်း ပြီးခဲ့တဲ့အပတ်က New York မြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရိုဟင်ဂျားဒုက္ခသည်တွေနဲ့ ပတ်သတ်ပြီး ၀န်ကြီးချုပ်မဟာသီရ်ရဲ့ မြန်မာအစိုးရအပေါ်ဝေဖန်ခဲ့တဲ့ မိန့်ခွန်းအတွက် ချီးကျူးပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ မလေးရှားနိုင်ငံဘက်မှ ပြောကြားချက်ကိုလည်း အမေရိကန်ဘက်မှ ကြိုဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ ရက်စက်စွာချေမှုန်းမုဒိန်းကျင့်သတ်ဖြတ်ခံရမှုတွေအတွက် တာဝန်ရှိသူတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာအဆင့်တရားစီရင်မှုတွေ ဖွဲ့စည်းတည်ဆောက်နိုင်ရန် ဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေး ၀န်ကြီးဌာန ညွန်ကြားရေးမှူး ကနေဒီ ဂျာဝမ်ကလည်း ပြောကြားခဲ့ပါတယ်။

ပြစ်မှုကျုးလွန်သူတွေကို အရင်ဆုံးအရေးယူရမှာက မြန်မာအစိုးရဖြစ်ပြီး ပြစ်ကျူးလွန်သူအားလုံးကို ဥပဒေနဲ့အညီ အပြစ်ပေးနိုင်အောင်ဖော်ထုတ်ရမှာဖြစ်ကာ နိုင်ငံတကာကလည်း ၄င်းတို့ရဲ့သြဇာအရှိန်အ၀ါကိုသုံးပြီး တိုက်တွန်းသွားရမှာဖြစ်တယ်လို့ ၄င်းကပြောခဲ့ပါတယ်။

အကယ်လို့မြန်မာအစိုးရ အပြစ်ပေးနိုင်ခြင်းမရှိရင် နိုင်ငံတကာအဆင့်အရေးယူဖို့ လိုအပ်ကာ တိုင်းရင်းသားရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေကို ရက်စက်စွာ ချေမှုန်းမှုမှာ နိုင်ငံတကာအနေနဲ့ လျစ်လျူနေလို့မရပဲ မုချဆောင်ရွက်ရမှာဖြစ်ကြောင်း ဂျာဝမ်က ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ် ရန်ဟီလီကလည်း မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ရပ်တွေကို ဆန့််ကျင်ကာ လိုအပ်ရင် အရေးယူဒဏ်ခတ်မှုကိုပြုလုပ်ရမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်က တိုင်းရင်းသားရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေအပေါ် လူမျိုးတုန်းရှင်းလင်းမှုတွေကို ကျုးလွန်ခဲတဲ့ မြန်မာစစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကိုလည်း တကမ္ဘာလုံးက အရေးယူဖို့လိုအပ်ကြောင်းပြောဆိုခဲ့ပါတယ်။

 


Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%b1%e1%80%92%e1%80%ab%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%99%e1%80%9f%e1%80%ac%e1%80%9e%e1%80%ae%e1%80%9b%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8-%e1%80%9b%e1%80%ad%e1%80%af%e1%80%9f%e1%80%84/

ဒေါက်တာမဟာသီရ်အား ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီရေးမှာ ဦးဆောင်ပါဝင်ဖိ... | Ecency