ဘူးသီးတောင်တွင် ရိုဟင်ဂျာများထံမှ နယ်ခြားစောင့်ရဲနှစ်ဦးနှင့် တပည့်များက ပူးပေါင်...

Words
169
Reading
1 min
8y
Listen to this post
~1 min


ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရွာမကျေးရွာတွင် ၂၀၁၉ခုနှစ် ဖော်ဖေါ်ဝါရီလ ၁၈ ရက် တနင်္လာနေ့ ည (၈) နာရီ အချိန်ခန့်က အာဏာပိုင်များ၏ သတင်းပေးတပည့်များ ဖြစ်ကြသော ဦးအဘူလ်ဟူစိန်၏သားဖြစ်သူ ဦးအီမာန် နှင့် ဦးအဒူရော်ဟိမ်း(ခ) ဖါတီး တို့က နယ်ခြားစောင့် ရဲနှစ်ဦးနှင့် ပူးပေါင်းကာ ကျေးရွာနေ ဆင်းရဲနွမ်းပါးသည့် ရိုဟင်ဂျာ ၁၄ ဦးကို ခေါ်ယူခြိမ်းခြောက် ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ သတင်းပေး တပည့်နှစ်ဦးက နယ်ခြားစောင့် ရဲနှစ်ဦး ဖြစ်ကြသည့် ဦးသိန်းနိုင်နှင့် ဦးအုန်းမောင်သိန်း တို့ကို ယူနီဖောင်းဝတ်စုံ မပါပဲ ကျေးရွာတွင်းသို့ခေါ်ဆောင်လာကာ လူရှိမနေသည့် အိမ်တစ်အိမ်တွင် ခေတ္တ စောင့်ဆိုင်းစေခဲ့ပြီး ည၉နာရီအချိန်ခန့်တွင် ရွာထဲမှ ရိုဟင်ဂျာ (၁၄) ဦးကို ဖမ်းဆီးခေါ်ဆောင်လာကာ ထိုသူတို့ထံမှ ငွေကျပ် ၅သိန်း ညှစ်ယူခဲ့သည်။

ဆင်းရဲနွမ်းပါးကြသည့် ငွေညှစ်ခံရသူ ရိုဟင်ဂျာ ၁၄ဦးမှာ မူဟမ္မဒ်ဂျော်မိလ် (ဘ) အဘူဆီဒိခ်၊ နူရ်အိစ်္စလာမ်(ဘ) အဒူမော်ဂျိဒ်၊ ဂျာနီအာလောမ်(ဘ) ဖေရာန်အာလီ ၊ အာနီအုလ္လာ(ဘ) အမိရ်ဟူစိန်၊ အေဗာဒူလ္လာ(ဘ) အဒူလ်မော်နာမ်၊ ဇူဘိရ်(ဘ) ဆာလေအမတ်၊ မူဟမ္မတ်တော်ယုဗ်(ဘ) မူဟမ္မဒ်ဂျော်လိလ်၊ နူရုလ်အာမိန်(ဘ) အဗ်ဒူလ်အာမိန်၊ မူဟမ္မဒ်ရော်ရှိတ်(ဘ) မူဟမ္မဒ်ဖော်ယာစ်၊ မူဟမ္မဒ်ဟရှိမ်း(ဘ) ရော်ရှိတ်၊ မူဟမ္မဒ်အိစ်ဟခ်(ဘ)ရော်ရှိတ်အမတ်၊ ဂျမာလ်ဟူစိန် (ဘ) အဗ်ဒူလ်ဂျော်လိလ်၊ ချူနာမျှာ(ဘ) အဗ်ဒူလ်မူနာဗ်၊ ဟာမိတ်ဒူလ်ဟောခ် (ဘ) ဖော်ယာစ်အဟ်မတ် တို့ဖြစ်ကြပါတယ်။

http://www.rvisiontv.com/burmese/%E1%80%98%E1%80%B0%E1%80%B8%E1%80%9E%E1%80%AE%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%BB%E1%80%99/

ငွေညှစ်ခံရသူ ၁၄ဦးထဲမှ မူဟမ္မဒ်ဂျော်လိလ်နှင့် နူရ်အိစ္စလာမ် တို့နှစ်ဦးထံမှ ငွေကျပ် ၇သောင်းနှုန်း ညှစ်ယူခဲ့ပြီး ကျန် ၁၂ဦးထံမှ တစ်ဦးလျင် ငွေကျပ် ၃သောင်းနှုန်း ညှစ်ယူခဲ့ပါတယ်။ ယခင်မှာလည်း ၎င်း သတင်းပေး တပည့်ဖြစ်သည့် ဦးအီမာန်က ဂူနားကျေးရွာနေ မူဟမ္မဒ်ရော်ဖိတ်ထံမှ အကြောင်း အမျိုးမျိုးပြကာ ငွေကျပ် သိန်း(၅၀)  ယူကာ ထိုသူအား ထောင်ကျစေခဲ့ပြီး ညှစ်ယူခဲ့သည့်ငွေများဖြင့် အိမ်ပြုပြင်ဆောက်လုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ထို့အပြင် ဖါတီးဆိုသူမှာလည်း ထောင် (၇)လ ကျခံဖူးသူဖြစ်ကာ လွှတ်မြောက်လာသည်မှာ မကြာသေးသော်လည်း ယခုချိန်တွင် ကျေးရွာနေ ဆင်းရဲသူ/သားများကို အာဏာပိုင်များဖြင့် ပူးပေါင်းကာ ညှင်းပမ်းနေပါတယ်။ ယခုကဲ့သို့ မတရားသဖြင့် ငွေညှစ်ခံရသည့် ကျေးရွာနေ အပြစ်မဲ့ ရိုဟင်ဂျာများက ဖြစ်စဉ် အစအဆုံးကို နယ်ခြားစောင့် တပ်ဖွဲ့မှ တပ်ရင်းမှူး သိစေရန် ရည်ရွယ်ကြောင်းနှင့် ထိရောက်စွာအရေးယူပေး စေလိုကြောင်း တောင်းဆိုခဲ့ပါတယ်။

Photo Credit: crisisgroup

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%82%90%e1%80%ad%e1%80%af%e1%80%9f%e1%80%84%e1%80%b9%e1%80%82/
ဘူးသီးတောင်တွင် ရိုဟင်ဂျာများထံမှ နယ်ခြားစောင့်ရဲနှစ်ဦးနှင့် တပည့်... | Ecency