ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာနေ ရိုဟင်ဂျာများ စားဝတ်နေရေးအခက်ခဲနှင့် ရင...

Words
92
Reading
1 min
Listen
Play
8y


ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင် တောင်ပိုင်း ညောင်ချောင်း၊ ဘုရားပြင်အောင်ပအုပ်စုတွင်၂၀၁၇ခုနှစ် ပဋိပက္ခဖြစ်ပွားပြီးချိန်မှစ၍ မည်သည့် အဖွဲ့အစည်းမှ စားနေရိပ်က္ခာ ထောက်ပံ့ကူညီပေးခဲ့ခြင်း မရှိသဖြင့် ကျေးရွာနေ ရိုဟင်ဂျာများ စားဝတ်နေရေးအတွက် အလွန်ပင် အခက်ခဲများနှင့် ရင်ဆိုင် ကြုံတွေ့နေကြရပါတယ်။

ထိုသို့အခက်ခဲများစွာကို ရင်ဆိုင်နေကြ ရသောကြောင့် ICRCထံသို့ အကူညီတောင်းခံစာများ ပေးပို့ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိသောကြောင့် ကျေးရွာနေ ဆင်းရဲသူ/သားများက တောတောင်များသို့ ထင်းခွေသွားကာ ခက်ခဲစွာ အသက်မွေးဝမ်းကျောင်း ပြုနေကြရပါတယ်။

ယခုအချိန်တွင်မူ ဘူးသီးတောင် အထက်ပိုင်းတွင် ဖြစ်ပွားနေသော ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် မြန်မာစစ်တပ်၏ တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် စားနပ်ရိက္ခာများထောက်ပံ့နေသည့် NGO, INGO အဖွဲ့အစည်းများကို ပိတ်ပင်ခဲ့သည့်အပြင် ရိုဟင်ဂျာ မွတ်စလင်များ၏ ဝမ်းစာရှာထွက်ခွင့် များကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

ရိုဟင်ဂျာများ ထင်းခွေပြီး အပြန်လမ်းတွင် စစ်တပ်မှတွေ့ရှိပါက ပါသမျှထင်းများကို လုယူထားခြင်း၊ ငါးဖမ်း ဝမ်းစာရှာသူများကိုလည်း ခြိမ်းခြောက်ကာ ငါးများကို လုယူလိုက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက် ရှိနေပါတယ်။ ထိုကဲ့သို့ ကိစ္စရပ်များကြောင့် ဘုရားပြင်အောင်ပ ကျေးရွာနေ ရိုဟင်ဂျာများက စားဝတ်နေရေး မပြေလည်သည့်အပြင် ကျန်းမာရေး ဝန်ဆောင်မှု များလည်း မရရှိသည့်အတွက် လွန်စွာမှ ခက်ခဲဒုက္ခ ရောက်နေကြပါတယ်။
Photo Credit: businessinsider

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9-%e1%80%98%e1%80%af%e1%80%9b/
ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာနေ ရိုဟင်ဂျာများ စားဝတ်နေ... | Ecency