ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးများက ရိုဟင်ဂျာများထံမှ ခြိမ်းခြော...

Words
86
Reading
1 min
Listen
Play
8y


ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ တောင်ပိုင်း ဖရုံချောင်း ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာကျေးရွာမှ အာဏာပိုင်များ၏ လက်ကိုင်တုတ်ဖြစ်သူ ဦးဆုလ်တာန်၏သား မာမတ်ဆာလေက ကျေးရွာတွင်း နေထိုင်သော ရိုဟင်ဂျာတစ်ချို့က မိမိတို့ နေအိမ်ဟောင်းများကို ပြုပြင်နေသည်ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ စာရေးများထံသို့ မဟုတ်မမှန်သတင်းပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာ ဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ စာရေးများထံသို့ သတင်းပေးမှုကြောင့် ထိုရုံးမှစာရေးများက ကျေးရွာနေရိုဟင်ဂျာ သုံးဦးကို ခေါ်ယူခြိမ်းခြောက်ကာ တစ်ဦးချင်းစီထံမှ ငွေကျပ်ငါးသောင်းနှုန်း ညှစ်ယူခဲ့ကြောင်း သိရှိရပါတယ်။ ငွေညှစ်ခံရသူ သုံးဦး၏ အမည်များမှာ ဦးအဘူလ်ဟိုင်ရ်၏သား ဦးအဘူလ်တော်ယုပ်၊ ဦးဒိလ်မာမတ်၏သား ဦးချော်ဘီအုလ္လာနှင့် ဦးမမတ်ဆုလ်တာန်တို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံတွင်း ကျန်ရှိနေသည့် အပြစ်မဲ့ ရိုဟင်ဂျာလူနည်းစု အနေနဲ့ နေ့စဉ်နှင့်အမျှ အာဏာပိုင်များ၏ ဖိနှိပ်မှုကိုခံနေကြရပြီး ခြိမ်းခြောက် ငွေညှစ်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများကိုလည်း ခံနေကြရတာပဲဖြစ်ပါတယ်။ ရိုဟင်ဂျာများက တရားမျှတမှုကို လိုလားနေသော်လည်း ထိုသူတို့အတွက် မြန်မာအစိုးရမှ ယနေ့ထိတိုင် မည်သည့်ကိစ္စ တစ်စုံတစ်ရာကိုမှ တရားမျှတစွာ ဖြေရှင်းပေးခြင်း မရှိသေးပေ။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%a1%e1%80%af%e1%80%95/
ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးများက ရိုဟင်ဂျာများထ... | Ecency