မလေးရှားနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထောက်ခံတော့မှာမဟုတ်ကြောင်းပြောဆို

Words
117
Reading
1 min
8y
Listen to this post
~1 min


01.10.2018

မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီရ် မိုဟာမက်ဒ်က ယခုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နိုင်ငံရေးအကျဉ်းသားအနေနဲ့ အကျဉ်းကျခံခဲ့ရတဲ့အချိန် သူမလွတ်မြောက်ရေးအတွက် သူ့အနေနဲ့ ဦးဆောင်ခဲ့ဖူးပေမဲ့ အခုချိန်ကစပြီးတော့ သူမကိုဆက်လက်ပြီးတော့ထောက်ခံမှာမဟုတ်တော့ဘူးလို့ တူရကီအပြည်ပြည်ဆိုင်ရာ သတင်းရုပ်သံလိုင်းကမ္ဘာ့ဖလားနဲ့အင်တာဗျူးအစီအစဉ်မှာ ပြောကြားလိုက်ပါတယ်။

ဒေါ်စုကြည်ဟာ တိုင်းရင်းသားရိုဟင်ဂျာလူမျိုးတွေရဲ့ဆင်းရဲဒုက္ခတွေကို မသိချင်ယောင်ဆောင် လျစ်လျူထားပြီး သူမကိုယ်သူမတောင် အသွင်ပြောင်းလဲပစ်လိုက်သလို မြင်မိကြောင်းဝန်ကြီးမဟာသီရ်က ပြောဆိုလိုက်ပါတယ်။

ကြည့်ရတာသူမဟာ အရင်ကပုံစံမျိုးလုံးဝမဟုတ်တော့ပဲ အာဏာရပြီးကတည်းက အရာရာပြောင်းလဲနေပြီလို့ သုံးသပ်မိကြောင်း၊ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို သူမဘက်က စစ်တပ်ကို ပစ်တင်ရှံ့ချပြောဆိုတာတောင် မရှိခဲ့တာတွေက အတော်ကိုရှင်းလင်းတဲ့ သူမရဲ့ပုံစံဖြစ်တာမို့ မလေးရှားဘက်ကတော့ သူမကိုဆက်လက်ထောက်ခံဖို့ လုံးဝလုပ်မှာမဟုတ်တော့ဘူးလို့ ၀န်ကြီးချုပ်မဟာသီရ် မိုဟာမက်ဒ်ကပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်လို့ သူမကို ကိုယ်တိုင်စာရေးသားပို့ခဲ့ပေမဲ့ အရေးတယူပြန်ကြားခြင်းမရှိခဲ့လို့ သူမကိုစိတ်ပျက်သွားမိကြောင်းလည်းပြောခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှထွက်ပြေးလာတဲ့ရိုဟင်ဂျာဒုက္ခသည်အများအပြားကိုလက်ခံထားရပြီး ဆင်းရဲဒုက္ခကြူံတွေ့နေရရှာတဲ့ရိုဟင်ဂျာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးကိုလည်း မလေးရှားဘက်မှ စောဒက တက်ဖို့ရှိကြောင်း ၄င်းကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တာတွေကို ဗြောင်ငြင်းဆန်ခဲ့တဲ့ မြန်မာအာဏာပိုင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၄င်းကဝေဖန်ခဲ့ပါတယ်။

၁၉၉၁ခုနစ်က ဒေါ်စုကြည်ကိုချီးမြှင့်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပြန်ရုတ်သိမ်းဖို့ ဖုန်းခေါ်ဆိုခဲ့ပါတယ်။ ကနေဒါနိုင်ငံကလည်း ရိုဟင်ဂျာအရေးမှာ လျစ်လျူပြုခဲ့တဲ့သူမကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အစီအရင်ခံစာထွက်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့လက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုတရားစွဲဆိုဖို့ ခေါ်ဆိုခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က စကားပြောဆိုဖို့ ပျက်ကွက်ခဲ့ကာ လူမှုကွန်ယက်ဖြစ်တဲ့ facebook မှာလည်း စစ်တပ်မှဗိုလ်ချူပ်ကြီးတော်တော်များများရဲ့ အကောင့်များကိုဖျက်သိမ်းခဲ့ပြီးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလဆန်းပိုင်းမှာ ဂျပန်နိုင်ငံကို ၆ ရက်ကြာ ခရီးသွားရောက် ဖို့ရှိတယ်လို့ ဂျပန်အစိုးရသတင်းတွေကို ကိုးကားပြီး Japan Today သတင်းမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။

 


Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%99%e1%80%b1%e1%80%9c%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%b8%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%99%e1%80%bd-%e1%80%b1%e1%80%92%e1%81%9a%e1%80%b1%e1%80%a1/

မလေးရှားနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထောက်ခံတော့မှာမဟုတ်ြေ... | Ecency