ဘောလုံးအားကစားနဲ့ပတ်သတ်တဲ့ သိမှတ်ဖွယ်ရာ အ

Words
118
Reading
1 min
Listen
Play
8y

ဘောလုံးအားကစားနဲ့ပတ်သတ်တဲ့ သိမှတ်ဖွယ်ရာ အချက်တချို့

ဘောလုံးအားကစားနဲ့ပတ်သတ်တဲ့ သိမှတ်ဖွယ်ရာ အချက်တချို့
ယနေ့ ကမ္ဘာတလွှားမှာ ဘောလုံးအားကစားနည်းဟာ တစ်နေ့တခြား လူကြိုက်အများဆုံးအားကစားနည်းဖြစ်လာပါတယ်။
ဒါ့ကြောင့် ဘောလုံးအားကစားနည်းနဲ့ ပတ်သတ်တဲ့ သိသင့်သိထိုက်တဲ့ အချက်အလက် တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘောလုံးကွင်း
chivas07.jpg
ဘောလုံးကစားတဲ့ အားကစားကွင်းရဲ့ ကြမ်းခင်းပြင်ကို မြက်ခင်း ဒါမှမဟုတ် မြက်ခင်းတုတွေနဲ့ ပြုလုပ်ထားရပါတယ်။ဒါ့အပြင် ဘောလုံးအားကစားကွင်းရဲ့ မျက်နှာပြင်ကို အစိမ်းရောင်အဖြစ် သတ်မှတ်ပြုလုပ်ကြရပါတယ်။ ဘောလုံးကွင်းကို ထောင့်မှန်စတုဂံပုံစံ ပြုလုပ်ထားရပါတယ်။ပြီးတော့ ကွင်းရဲ့အလယ်ကို မျဉ်းနဲ့ ပိုင်းခြားထားပြီး တစ်ဖက်စီကို ၁ဝကိုက်စီအကျယ်ရှိတဲ့ စက်ဝိုင်းတစ်ခုဝိုင်းထားရပါတယ်။

၂။ ဘောလုံး
yor2qpdxm40heof6rqkc.webp
ကစားရတဲ့ဘောလုံးကိုတော့ တိရစ္ဆာန်သားရေ ဒါမှမဟုတ် တခြားဆင်တူတဲ့သားရေပြားတွေအသုံးပြုပြီး ပြုလုပ်ကြရပါတယ်။ အရွယ်အစားအားဖြင့် ၂၇ လက်မကနေ ၂၈ လက်မအကြားရှိရမယ်လို့ သိရပါတယ်။

၃။ ကစားသမားအရေအတွက်
IMG_20180524_100642.jpg
ဘောလုံးအသင်း တစ်သင်းစီမှာ ဂိုးသမားအပါအဝင် ၁၁ ဦးစီ ပါဝင်ကစားရပါတယ်။ ကစားပွဲအတွင်း အများဆုံး ၃ ဦးအထိ လူစားလဲခွင့်ရှိပါတယ်။ ချစ်ကြည်ရေးပွဲတွေနဲ့ ခြေစမ်းပွဲတွေမှာတော့ ကစားသမားပိုမို လဲလှယ်ခွင့်ရှိပါတယ်။

၎။ ဝတ်ဆင်ကစားရမယ့်အရာများ
alaba_full.jpg
အားကစားရှပ်၊ ခြေစွပ်၊ လက်အိတ်၊ ဘောကန်ဖိနပ်စတာတွေ အသုံးပြုပြီး ကစားဖို့ ရပါတယ်။ ဒီအရာတွေ ဝတ်ဆင်မကစားရင်တော့ ဘောလုံးစည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်ပါတယ်။

၅။ ပွဲကြာချိန်
535162752.jpg
ဘောလုံးပွဲတစ်ပွဲကို ပထမပိုင်းနဲ့ ဒုတိယပိုင်း ခွဲခြားကျင်းပကြပြီး အပိုင်းတစ်ပိုင်းစီကို ကြာချိန်၄၅ မိနစ် သတ်မှတ်ထားပါတယ်။ ပထမအပိုင်းအပြီး အားလပ်ချိန်ကိုတော့ အများဆုံး ၁၅ မိနစ်သတ်မှတ်ထားပါတယ်။ ပွဲကစားချိန်အတွင်း ကစားသမားတွေဒဏ်ရာရတဲ့အတွက် ပွဲနားရမှု၊ အကြောင်းကြောင်းကြောင့် ပွဲနားရမှုတွေအတွက် ဒုတိယပိုင်းပွဲကစားချိန်ပြီးချိန်မှာ Additional minutes လို့ခေါ်တဲ့ နာကျင်အချိန်ပိုကို သတ်မှတ်ပေးလေ့ရှိပါတယ်။

images taken from google and credit to image source.

ဘောလုံးအားကစားနဲ့ပတ်သတ်တဲ့ သိမှတ်ဖွယ်ရာ အ | Ecency