ကဗျာဖတ်ရင်း ရခဲ့သောအသိ

Words
51
Reading
1 min
9y
Listen to this post
~1 min

လွယ်မယောင်နဲ့ ခက်သွားတဲ့ကိစ္စတချို့ကြောင့်
တိမ်မယောင်နဲ့ နက်လာတဲ့အတွေးတွေ
ရှိလာခဲ့တယ်....

ချိုမယောင်နဲ့ ခါးသွားတတ်တဲ့ ခံစားချက်
တချို့ကြောင့်
ငိုချင်ပေမယ့် မဲပြုံး ပြုံးမိတဲ့အခါတွေ
ရှိလာခဲ့တယ်....

ပြိုမယောင်နဲ့ ခြိမ်းပြီးမရွာတဲ့မိုးလို
ပျော်ရမလိုနဲ့ အဖျားရှူးသွားတတ်တဲ့
အနေအထားတချို့အတွက်
အထင်ဆိုတာ လက်တွေ့လောက်
မသေချာဘူးလို့ ခံစားမိလာခဲ့တယ်....

ပြုံးမလိုနဲ့ မဲ့ပြသွားတတ်တဲ့ လူတချို့ကြောင့်
ပုန်းကွယ်နေတဲ့မာန တချက်တချက်
ခေါင်းထောင်ထ လာခဲ့တယ်....

နိုင်မလိုနဲ့ ရှုံးသွားတဲ့၊ ရှုံးမလိုနဲ့ နိုင်သွားတဲ့
ကစားပွဲတချို့ကိုကြည့်ရင်း
အပိုင်တွက်လို့မရတဲ့ အနေအထားတွေကို
လက်တွေ့မြင်တတ်လာခဲ့တယ်....

မရေရာတာတွေကို အဖြေရှာရင်း
သေချာတာတစ်ခုက
ဘာမှမသေချာဘူးဆိုတာပဲ လို့
လက်ခံလိုက်မိလာခဲ့တယ်……

တကယ်တော့ ဘဝဆိုတာ
ကြိုသိခွင့်မရတဲ့
မရေရာမသေချာတဲ့
အနာဂတ်တွေပြည့်နေတဲ့
ဖတ်စာအုပ်ကြီး တစ်အုပ်ဖြစ်ပါတယ်……

#credit!
IMG_1497869631088.jpg

ကဗျာဖတ်ရင်း ရခဲ့သောအသိ | Ecency