lack of interest in contest

Words
83
Reading
1 min
Listen
Play
8y

မြန်မာ steemit မိသားစုများ မင်္ဂလာပါ။(သူများရေးသလိုရေးကြည့်တာ)

ကျွန်တော် contest လုပ်ထားတဲ့ အပေါ်မှာ စိတ်ဝင်စားမှုနည်းနေတာတွေ့ရပါတယ်။ ဘာကြောင့်လဲတော့ မသိပါဘူး။ အခုလောလောဆယ် အချိန်အထိ ပြိုင်ပွဲဝင်တဲ့သူက တစ်ယောက်
ပဲရှိပြီးတော့ vote ပေးထားတာကတော့ အနည်းငယ်ရှိပါတယ်။
နောက်တစ်ပတ်မှာ ပြိုင်ပွဲထပ်လုပ်တဲ့အခါမှာတော့ အနည်းဆုံး ပြိုင်ပွဲဝင်တဲ့သူ သုံးယောက်ရှိမှပဲ ဆုပေးမှာဖြစ်ပါတယ်။

Steembasicincome share ကို ဘာလို့ပေးတာလဲ။
ကျွန်တော် 2 steem ပေးလိုက်မယ် ဆိုပါစို့။ အဲ့ ဒါက တစ်ကယ်တော့ ဘာမှလုပ်လို့မရပါဘူး။
ကျွန်တော့် အနေနဲ့ စာကောင်းပေမွန်တွေကို ဆက်လက် ကြိုးစားရေးသားစေချင်လို့ပါ။

တစ်ပတ်မှာ ပိုစ့်တစ်ခုပဲတင်လဲ ပြဿနာမရှိပါဘူး။ SBI ကနေ သူ့ဘာသာသူ တွက်ချက်ပြီး upvote ပေးပါလိမ့်မယ်။

တစ်ကယ်ကောင်းမွန်တဲ့ ပိုစ့်တွေကို အကြောင်းအရာခွဲခြားမှုမရှိပဲရေးစေချင်ပါတယ်။ ဟိုအဖွဲ့ ဒီအဖွဲ့ဆိုတာတွေလဲ မရှိစေချင်ပါဘူး။ တစ်ကယ်တော့ ကျွန်တော့် အနေနဲ့ cycle jerk upvoting ကို သဘောမကျပါဘူး။
ကောင်းကောင်းမကောင်းကောင်း upvote ပေးနေတာမျိုးပါ။ curiosity ဆိုတာမျိုးဟာ steemit users တိုင်းအတွက်လား။ ကိုယ့်အဖွဲ့အစည်းတစ်ခု အတွက်ပဲလား။
ဒါမှမဟုတ် ကိုယ့်ဆွေမျိုးသားချင်းတွေအတွက်ပဲလား။ ဘယ်အဖွဲ့ထဲမှာမှ မဝင်တဲ့သူတွေကရော ဘာတွေဖြစ်လာမလဲ။

လူတိုင်းမှာ လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်။

lack of interest in contest | Ecency