Manifestation လုပ်ကြမယ်

Words
181
Reading
1 min
Listen
Play
1y

အားလုံးမင်္ဂလာပါ။

ဒီတစ်ရက် နှစ်ရက်အတွင်း ကိုယ့်ကိုယ်ကို သတိထားမိတာက tiktok တို့ social media တို့ ကြည့်ရင် lacking mindset လေးနဲ့ သွားတုန့်ပြန်မိနေတယ်၊ သူရှိတယ် ငါမရှိဘူး စသည်ဖြင့်ပေါ့။ သူရှိတာကို လိုချင်တဲ့ စိတ်နဲ့ တုန့်ပြန်မိပြန်ရင်လဲ ကိုယ့်ဆီမှာ မရှိဘူးလို့ ကိုယ့် မသိစိတ်ကို ပြောသလိုဖြစ်နေပြန်တယ်။

စိတ်တွေက တုန်ခါမှု လှိုင်းတွေ ထုတ်လွတ်နေတယ်လို့ ဆိုပါတယ်။ ကိုယ်က lacking mindset နဲ့ တုန်ခါမှု vibration ထုတ်လွတ်ရင် ဒီမရှိခြင်း (lacking) ကို ပဲ ဆွဲဆောင်အားကောင်းစေတယ်လို့ဆိုပါတယ်။

အဲဒါကြောင့် ဒီလို lacking mindset မရှိအောင် မုတိသာ ပွားတာ၊ ကျေးဇူးတရား ပွားများတာ၊ စိတ်ကို ပျော်အောင်ထားတာ စတာတွေကို ကျင့်သုံးဖို့ ဆရာတွေက လုပ်ခိုင်းတယ်လို့မြင်ပါတယ်။

ဒါပေမယ့် ဒီလိုလုပ်ဖို့က လွယ်တာတော့ မဟုတ်ပေမယ့် လေ့ကျင့်ယူရင်တော့ ရနိုင်တဲ့ အရာမျိုးလို့ မြင်ပါတယ်။ လောဘ၊ ဒေါသ စတာတွေနဲ့ မတုန့်ပြန်တော့ပဲ စိတ်အေးချမ်းမှုကို ရဖို့ဆို ဦးဂိုအင်ကာ တရားစခန်းမှာ ဝင်ပြီး အားထုတ်နိုင်ပါတယ်။ ဒီကတစ်ဆင့် လေ့ကျင့်အားထုတ်ပြီး ကောင်းတဲ့ vibration လေးတွေရလာပြီဆိုရင်တော့ manifestation လုပ်ဖို့ လွယ်ကူ သွားမယ်လို့တော့ မြင်ပါတယ်။

manifestation နဲ့ ပါတ်သက်ပြီး နောက်ဆုံး ဖတ်ဖြစ်တဲ့ စာအုပ်ကတော့
"The Last Law of Attraction Book You’ll Ever Need To Read"
ဖြစ်ပါတယ်။ z-library မှာ online ဖတ်နိုင်သလို download ဆွဲပြီး ဖတ်နိုင်ပါတယ်။

manifestation လုပ်တဲ့အခါ ဆရာ အားလုံးလိုလိုက စိတ်ကို ပျော်အောင်ထားဖို့၊ ကျေးဇူးတရားပွားများဖို့ ပြောကြပါတယ်။

ကျွန်တော့်အနေနဲ့ စိတ်ကို ပျော်အောင်ထားဖို့ဆိုရင် အာရုံတွေကို မကောင်းတဲ့ လောဘ ဒေါသ စတာတွေနဲ့ မတုန့်ပြန်မိအောင် နေပါတယ်။ ဒီလို မကောင်းတဲ့ စိတ်နဲ့ မတုန့်ပြန်တဲ့ အခါမှာ အခြား ပျော်ရွင်ခြင်း၊ ကျေးဇူးတရား သိတတ်ခြင်း၊ မုတိသာ ပွားခြင်း စတဲ့ ကောင်းတဲ့ စိတ်လေးတွေ နိုးထ အားကောင်းလာစေစေ တွေ့ရပါတယ်။ အားမကောင်းရင်လဲ အားကောင်းအောင် လေ့ကျင့်ရမယ်လို့ဆိုပါတယ်။ ဒါတွေကတော့ ဦးဂိုအင်ကာ တရားစခန်းမှာ သင်ယူလေ့ကျင့်ဖြစ်ခဲ့တဲ့ အလေ့အကျင့်လေးတွေ ဖြစ်ပါတယ်။

ကျွန်တော့ အနေနဲ့ လဲ လောလောဆယ်မှာ မကောင်းတဲ့ vibration လေးတွေကို သတိနဲ့ ဖယ်ရှားပြီးတော့ manifestation အချို့စလုပ်ဖြစ်နေပါတယ်။ နောက် အပါတ်မှာ အပေါ်က စာအုပ်ထဲမှာပါတဲ့ နည်းလမ်းအချို့ကို မျှဝေပါမယ်။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

princekham@princekham
24h Aug 2025
Myanmar

Manifestation လုပ်ကြမယ် | Ecency