Chat GPT 4 ကို အခမဲ့ သုံးကြည့်မယ်

Words
140
Reading
1 min
Listen
Play
3y

အားလုံး မင်္ဂလာပါ

ကျွန်တော်တို့ Chat GPT 3.5 နဲ့ ရင်းနှီးပြီးလို့ ထင်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ Chat GPT 3.5 ကို ကျွန်တော်တို့ရဲ့ browser မှာ အခမဲ့ သုံးနိုင်လို့ တော်တော်များများတော့ သုံးကြည့်ဖူးမယ် ထင်ပါတယ်။ တကယ်လို့ မိတ်ဆွေအနေနဲ့ မသုံးဖူးသေးရင်လဲ အောက်ကလင့်ကနေ ဝင်ပြီး သုံးစွဲနိုင်ပါတယ်။ (https://chat.openai.com/) သုံးဖို့အတွက် ဘရောင်ဇာမှာ အီးမေးနဲ့ register အရင်လုပ်ပြီး log in လုပ်ဖို့တော့လိုပါမယ်။

Chat GPT 3.5 မှာ သုံးလို့ အဆင်ပြေပေမယ့် version 4 မှာလို ရုပ်သံတွေကို ခွဲခြမ်းစိတ်ဖြာ‌တာ၊ ရုပ်ပုံတွေထုတ်ပေးတာ၊ အသံနဲ့ ဆက်သွယ်တာ စတာတွေကိုတော့ မလုပ်ပေးနိုင်ပါဘူး။ တကယ်လို့ version 4 ကို အဆင့်မြင့်မယ်ဆိုရင်လဲ တစ်လကို ဒေါ်လာ ၂၀ ပေးရမှာဖြစ်လို့ ကျွန်တော်တို့လို heavy နဲ့ စီးပွားဖြစ် မသုံးသူတွေအတွက်တော့ မတန်ဘူးလို့ဆိုရမှာပါ။

အခုကျွန်တော်က ဒီ version 4 ကို ဘယ်လိုအခမဲ့ အသုံးပြုနိုင်လဲ ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီလိုသုံးဖို့ Bing Search ကို အသုံးပြုရမှာ ဖြစ်ပြီးတော့ Microsoft အကောင့်နဲ့ ဝင်ရမှာဖြစ်ပါတယ်။

  • ပထမဆုံး https://www.bing.com/search ကို သွားပါမယ်။
  • အဲနောက်မှာ chat ကိုဝင်ရပါမယ်။

  • အဲဒီမှာ ကိုယ်ရိုက်ထည့်လိုက်တဲ့စာတွေက Bing AI နောက်ကွယ်က Chat GPT 4 ကို အသုံးပြုမှာ ဖြစ်ပါတယ်။

မိတ်ဆွေတို့ အသုံးပြု အဆင်ပြေနိုင်ပါစေ။

ကျွန်တော်လည်း စမ်းသုံးကြည့်ပါမယ်။

PS: ကျွန်တော် ဒီမနက်ခင်းပိုင်း python program တစ်ခု ရေးဖို့ version 4 နဲ့ လုပ်တာ သိပ် အဆင်မပြေသေးတာ တွေ့ရပါတယ်။ version 3.5 က ပရိုဂရမ်ရေးဖို့ တိုင်ပင်တဲ့အခါ ပိုအဆင်ပြေနေတာတွေ့ရပါတယ်။ version 4 ရဲ့အခြား လုပ်ဆောင်ချက်တွေကိုတော့ မသုံးကြည့်ရသေးပါဘူး။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

princekham@princekham
24th Nov 2023
Myanmar