လွဲလိုက်ပုံက•••••ဟီး ဟီး
ရပ်ကွက်ထဲ ကိုကိုနဲ့ ညီညီ ဆိုတဲ့
အမွှာ ညီအစ်ကို နှစ်ယောက်ရှိတယ်။
ကိုကို့မှာက မိန်းမရှိတယ်။
ညီညီက လူပျို ပေါ့..
ညီညီ့မှာက လှေတစ်စင်းရှိပြီး
လှေအငှား လိုက်စားတယ်ပေါ့..
တစ်ရက်မှာ ကိုကို့ မိန်းမ ဆုံးသွားသလို
ညီညီ့လှေလည်း နစ်မြုပ်သွားပါတယ်။
တစ်ပတ်လောက်နေတော့
ညီညီ ဈေးထဲအသွားမှာ အသိအမျိုးသမီး
အန်တီလှ ဆိုတာနဲ့ တွေ့ပါတယ်။
အန်တီလှက ညီညီ့ကို ကိုကို လို့ထင်ပြီး ပြောပါတယ် ..။
"မင်းရဲ့ ဆုံးရှုံးမှုအတွက် အန်တီ စိတ်မကောင်းပါဘူးကွယ်"
ညီညီကလည်း သူ့လှေနစ်တာကို ပြောတယ်ထင်ပြီး ..
"စိတ်မကောင်း မဖြစ်ပါနဲ့ အန်တီလှရယ် ..
အဲ့ဒါကြီးက အစကတည်းက
အိုမင်းယိုယွင်းနေတဲ့ အစုတ်အပြတ်ကြီးပါ"
"ဟင်"
"နောက်ဖက်က အပေါက်ကြီးကလည်း
အတော်လေးကို ကျယ်နေပြီး
ရှေ့ ဖက်က အပေါက်ကလည်း
ရေတွ တဗွက်ဗွက်
ထွက်ကျနေလို့ ကျွန်တော့မှာ
မနည်း မှေးသုံးနေရတာ"
"ဘာ"
"ဟိုတလောကလည်း လူသုံးယောက်က
လာငှားလို့ ကျွန်တော်
ထည့်ပေးလိုက်ရသေးတယ် ..
အဲ့လူတွေကိုလည်း ကျွန်တော်မှာပါတယ် .. ထိန်းထိန်းသိမ်းသိမ်း လုပ်ပါလို့ .. အဲ့ ငတုံးတွေကလည်း သုံးယောက်တပြိုင်နက်
တက်ကြတယ်တဲ့လေ"
"ဘုရား .. ဘုရား"
"အဲ့ကတည်းက စပြီး
ရှေ့ ကနေ နောက်အထိ ဟက်တက်ကြီး
ထက်ခြမ်းကွဲသွားတာ .. အခုတော့လဲ
ကိစ္စအေးသွားတာပေါ့ .. အန်တီလှရယ်"
အဲ့သလိုနဲ့ .. အန်တီလှလည်း မျက်လုံးကြီးပြူး
အသက်ရှူမဝ ဖြစ်ပြီး နေရာတင် မေ့လဲသွားတော့သတဲ့ ..။ဟီး:P:P