natral
သဘာဝအလှဟာ အရှိတရားများဖြစ်ပေသည်။
အရှိတရားကို အသိတရားနဲ့လေး ကြည့်တတ်မြင်တတ်မယ်ဆို
လောကကြီးက သာယာလှပေနေတော့သည်။
အလှတွေဟာ သဘာဝမလို့ ပန်းချီကားပမာ အမြင်သစ်တွေရလို့ စိတ်တွေအေးချမ်း စေပေလိမ့်မည်မဟုတ်လား။
ငှက်ကလေးတွေ တေးချိုချို ဆိုတတ်တာတွေက သဘာဝက လာသော အသံသာသာလေးများပေတည်း။
ဒေါင်းကလေးများ လှအောင်ကပြတာကလည်း သဘာဝကလာသော အနုပညာရေစီးကြောင်းတစ်ခုဘဲလေ ။
ကြက်တူရွေးက လူစကား အပြောသင်တော့ ပြောတတ်လာတာကလည်း ချစ်စရာ အသံက သဘာဝက လာနေတာဘဲမဟုတ်လား။
အချစ် နှင့်အမုန်းဆိုတာ သဘာဝက လာနေသည်ဆို မှားနိုင်ပါဦးမလား။
ပန်းလေးတွေမွှေးရနံ့ သင်းပျံ့ ဖို့ သဘာဝက ထည့်ပေးထားခြင်းမဟုတ်ပေလော့။
မိုးတွေရွာ နေတွေပူ လသာသာ နေ့ဖြစ်လိုက် ညဖြစ်လိုက် ကလည်း သဘာဝ ကပါလေ
ကမ္ဘာကြီးကို မည်သူ "လည်အောင်" လုပ်ပေးနေပါသနည်း။
ရေတွေကလည်း သွားနေပေတော့သည်။ ပင်လယ်ကြီးက အသက်ဝင်နေပေတော့သည်။
တောင်တန်းကြီးက လည်း သစ်ပင်တွေ တောင်ခိုးတောင်ငွေ့တွေနဲ့ အလှတွေ ရှိနေလေရဲ့။
မိန်းမနဲ့ ယောက်ျား ကို သဘာဝက ဖန်တည်းပေးထားလို့ လူသားများ မျိုးဆက်ရှိနေပေတော့သတည်း။