Love( အချစ်ရဲ့)

Words
63
Reading
1 min
Listen
Play
8y

ရုပ်ချောတဲ့သူထက်
သစ္စာရှိနိုင်မယ့် သူမျိုးကို ရွေးပါ။

  အပြောကောင်းသူထက်

ကတိပေး တန်ဖိုးထားတတ်တဲ့
သူမျိုးကို ရွေးပါ။

 သဲသဲလှုပ်ချစ်ပြတတ်သူထက်

လိုအပ်သလို မားမားမတ်မတ်
ရပ်တည်ပေးမယ့် သူမျိုးကို ရွေးပါ။

  ပညာနဲအနိုင်ယူတတ်သူထက်

သည်းခံစိတ်နဲ့လူတိုင်းအပေါ်
စေတနာထားနိုင်မယ့် သူမျိုးကို ရွေးပါ။

 ချမ်းသာပြီး ဘဝင်မြင့်နေ သူထက်

ဖြစ်ချင်တာတွေကို ဂရုတစိုက် အလေးထားပီး စိတ်ရှည်ရှည်နဲ့ ဖြည့်ဆည်းပေးမယ့် သူမျိုးကို ရွေးပါ။

 ငွေတွေအများကြီး

သုံးဖြုန်းပြနိုင်သူထက်
အလုပ်ကို ဇွဲရှိရှိ ကြိုးစားတတ်တဲ့
သူမျိုးကို ရွေးပါ။

 အမြဲသဝန်တိုတတ်သူထက်

နားလည်မှုနဲ့ ဖေးမ တိုင်ပင်တတ်တဲ့
သူမျိုးကို ရွေးပါ။

 အလိုလိုက် ချစ်ပြတတ်သူထက်

ညွှန်ပြ ဆုံးမတတ်သူမျိုးကို ရွေးပါ။

 အချစ်တစ်ခုထဲ ကိုးကွယ်တတ်သူထက်

နားလည်မှု
သစ္စာရှိမှု
မေတ္တာထားတတ်မှု
တိုင်ပင်ဆွေးနွေးမှုဆိုတဲ့
စိတ်အာဟာရ ပြည့်ဝတဲ့ သူမျိုးကို ရွေးပါ။

photo-google

https://s3.us-east-2.amazonaws.com/partiko.io/img/poponpt7-love-1528166942143.png