ငွေသောင်ယံ
ကမ်းအစပ်ဆီမယ်
အဖော်မပါ တစ်ကိုယ်တည်းမို့
ပျော်စရာတွေ ဘယ်ဆီရောက်လို့
တွေးနေမိတယ် အချစ်ရေ
အချစ်ရေ အချစ်ရေလို့ စိတ်ထဲမယ် ခေါ်နေပေမယ့်
သူတစ်ယောက်ကတော့
တစ်နယ်စီခြား ပင်လယ်ခြားတဖက်ဆီမယ်
အဖြူမတွေနဲ့များ
ပျော်နေမလားလို့ စိုးစိတ်တွေရင်မယ်ဆူကာ
စိတ်မချရက်ဘူး ကွယ်။