ဥပမာလေး တစ်ခုနဲ့ ပြောပြရလျှင်တော့ -
ရန်ကုန် ကနေ မန္တလေး သို့
သွားမယ် ဆိုကြပါစို့။ ဘူတာကြီးသွားပြီး
ရထားလက်မှတ်ဝယ်တဲ့အခါ
လက်မှတ်လေးမှာ ခုံနံပါတ် လေးရေးပေး လိုက်ပါတယ်။
အဲဒီလက်မှတ် လေးကိုင်ပြီး ဒီတွဲနံပါတ်ဟာ
ငါ့အတွဲ ၊ဒီခုံက ငါ့ခုံ၊
ဆိုပြီးတော့ တက်ထိုင်လိုက် ပါတယ်။
ရထားက ရန်ကုန်က နေထွက်
သွားပြီး ပဲခူးရောက် ပါတယ်၊ ရန်ကုန်၊ မန္တလေး မိုင်ပေါင်း
၄၅၀ ကွာဝေးတယ်ပဲထား၊ ပဲခူးရောက်တော့ မိုင် ၅၀ ကုန်သွားပါပြီ။
သူပိုင်ဆိုင်ခွင့် မိုင် ၄၀၀ပဲ ကျန်ပါ တော့တယ်။
ရထားကလည်း ရှေ့သို့ပဲသွားပါတယ်၊နောက်ပြန်မဆုတ်ပါဘူး၊
ပျဉ်းမနား ရောက်တော့ မိုင်နှစ် ရာကျော်သွားပြီ။
ကိုယ်ပိုင်ဆိုင်ခွင့် တွေက တဖြည်းဖြည်းလျော့ သွားပါတယ်၊ ရှေ့ကိုပဲ
သွားရင်း၊ သွားရင်းနဲ့ ငါပိုင်ဆိုင်တဲ့ ဥစ္စာတွေ၊ တဖြည်းဖြည်းခြင်း ငါပိုင်
ငါပိုင် ဆိုတာတွေ တဖြည်းဖြည်း ကုန်ဆုံးနေတာကို အားလုံး
သတိမပြုမိ လိုက်ကြပါဘူး၊ မန္တလေးဘူတာကို ရထားဝင်လို့
ရထားလည်းရပ်ရော ထိုရထား လက်မှတ်ဟာ
ဘာမှ အသုံးမဝင်တော့ သလို ၊
ငါ့တွဲ၊ ငါ့ထိုင်ခုံ ဆိုပြီး ယူသွားလို့မရပါဘူး။
ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါ။
ဘူတာ ဆိုက်တဲ့
အခါ ရထားပေါ်ကယူ သွား လို့ရမှာက တွဲနဲ့ထိုင်ခုံ မဟုတ်ပါဘူး၊
ကိုယ့်အိပ်ကပ်ထဲမှာ ပါတဲ့ ပိုက်ဆံဖြစ်တဲ့
ရိက္ခာထုတ် ကသာ ကိုယ့်သွား
လေရာ သယ် သွားလို့ ရမဲ့ ရိက္ခာပါပဲ။
(ကိုယ့်ရဲ့ ရိက္ခာထုတ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်
ကောင်းမှု့တွေကို ဆိုလိုတာပါ)
လူသားအားလုံးဟာ လူ့ဘဝခရီးမှာ
ပိုင်ဆိုင်မှု့၊ စီးပွားဥစ္စာ၊ ရာထူး၊
တွေဆိုတာကတော့ ဘူတာ မဆိုက်ခင်လေး
ပိုင်ဆိုင်ကြ ရတာပါ။
ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါပဲ။
ပုညဆိုတဲ့ ကုသိုလ်ကောင်းမှုနှင့်
ကိုယ်ပြုတဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ဆိုတဲ့ကောင်းမှု
တွေဟာ ရန်သူမျိုးငါးပါး တို့ လုယက် ဖျက်စီးလို့ မရတဲ့အတွက်
ကိုယ်ပိုင်ဥစ္စာ လည်းဖြစ်ပါတယ်။
ဒါကြောင့် အိုသည့် တိုင်အောင်၊ နာသည့်တိုင်အောင်၊
သေသည့်တိုင်အောင် ကောင်းတယ် ဆိုတာ “ သီလ၊ သဒ္ဓါ၊ ပညာ၊
နဲ့ ကုသိုလ်ကောင်းမှု” ပါပဲ။ ထိုလေးမျိုးဟာ ဘဝကို လှပစေဖို့ရာ
ဘဝရဲ့အလှတန်ဆာများ ဖြစ်ပါတယ်။
ရုပ်ခန္ဓာကြီးကတော့ ဖြည်းဖြည်းချင်း ဖြည်းဖြည်း
ချင်း ငါးဆယ်ကျော်တာနဲ့ ဘဝတစ်ဝက်ကျိုးတာနဲ့
ဆွေးမြေ့ပျက် စီးမှုတွေ ထင်ရှားစွာ
ပြပြလာမှာ ကိုတွေ့ရမှာပါ။ ဆွေးမြေ့ပျက်စီး
သွားတဲ့ရုပ်ခန္ဓာကို ဒီလေးခုနဲ့ တန်ဆာဆင်
အလှဆင်ပြီး အိုသည့်တိုင်အောင် ကောင်းတာသီလ၊
နာသည့် သေသည့်တိုင်အောင် ကောင်းတာ သဒ္ဓါ၊
အိုနာသေ ဘယ်လောက်နှိပ်စက်ပါစေ
ပညာနဲ့ ကုသိုလ်ကောင်းမှု တို့သာလျှင်
ဘဝရဲ့ကောင်းကြောင်း တရားတွေ ဖြစ်တယ်။
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး
အိုသည့်တိုင်အောင်ကောင်းသည့်တရားတော်မှ ကောက်နှုတ်ချက်