ယာထဲကပြန်လာကြ နွားကျောင်းရင်း အလုပ်တွေလုပ်ရင် အပြန်မယ် နွားစာပါ သယ်လာရသေးသည်။
နေ့စဉ်အလုပ်ဆိုတော့ မနက်လင်းတာနဲ့ ထမင်းညမ်း ကို ရေနွေးကြမ်းဖြင့် စားကာ ယာတောသို့ သွားကြရပေတော့သည်။
ရာသီပေါ် စိုက်ပျိုးကျဲပက်ရင်း သီးနှံများအထွက်ကောင်းဖို့ ပြုပြင်ပေးရသေးသည်။
ဝမ်းစာရေး အတွက် ပုံမှန်လုပ် ရပေတော့သည်။
တောဓလေ့က အချိန်ပေးရပေသည်။
ရာသီကောင်းပါမှ ပိုလျှံပေတော့သည်။
နွားစာတော့ အပိုရှာထားရပေသည်။
နွားတစ်ချင်းနှင့်နွားပိုတစ်ကောင် အတွက် နေ့စဉ်စားကျက်မှန်ဖို့ ညနေဆို အချိန်ပေးကြရပေတော့သည်။