ဒီရေတောင် အတက်အကျရှိသေးတာပဲလေ
လူ့ဘဝဆိုတာလည်း အနိမ့်အမြင့်တော့ရှိမှာပဲ
ကိုယ့်ကံတရားကိုကိုယ်ကိုယ်တိုင်တောင်မမြင်နိုင်တာမို့ ကံကံ၏အကျိုးဆိုတာကိုလည်းယုံတယ်
ဘဝမှာ အနည်းဆုံးတကြိမ်တော့ ကံကောင်းကြမှာပါ
ကံကိုလူက လုပ်တာမို့ အတတ်နိုင်ဆုံး
စိတ်ကိုကောင်း၂ထားခြင်းဟာလည်း ကိုယ့်ကံကို
တဖက်တလမ်းကနေပြီး အကျိုးတက်ရောက်စေတယ် ဘာမှမလုပ်ဘဲထိုင်ပြီး ငါကံကောင်းပါစေဆိုပြီး ဆုတောင်းနေလို့တော့မရဘူးပေါ့နော်
အဲ့လိုပဲ ဝဋ်ဆိုတာလည်း ဆက်စပ်နေတာမို့
သံသရာရှိသ၍တော့ လည်မြဲလည်နေဦးမှာပါ
အဲ့တော့ ကိုယ့်ရဲ့လက်ရှိရတဲ့ လူ့ဘဝလေးမှာ
ဟိုးဘဝက ကျန်နေသေးတဲ့ဝဋ်ကြွေးတွေကို
အပြီးဆပ်သွားချင်တယ် နောက်ထပ်ဝဋ်ကြွေးတွေကို
ရှောင်ရင်းခွင်းရင်းပေါ့လေ အဲ့လက်ကျန်ကိုယ်ဆပ်ရမဲ့
ဝဋ်ကြွေးကိုလည်း ခု အသက်ပိုင်းခြား ခုလိုအရွယ်မှာပဲ
ဆပ်ချင်တယ် ကျန်နေသေးတဲ့ကိုယ့်ဘဝတစိတ်တပိုင်း
သန့်သန့်ရှင်းရှင်းပျော်ပျော်ရွှင်ရွှင်လေးဖြတ်သန်းချင်လို့
#ဒါကြောင့်လည်စရာရှိလက်ကျန်ဝဋ်တွေမြန်မြန်လည်ပေးပါ (ကိုယ့်ရဲ့လက်ရှိဆုတောင်းလေးပြည့်ချင်တယ်)