မြန်မာပြည်တွင် ပန်းပင်အမျိုးအစားများစွာရှိလေသည်။ ကိုယ်နှစ်သက်သောပန်းပင်အမျိုးအစားကိုဘဲ ရေးဖွဲ့ကြလေသည်။
ကျန်တော်ကတော့ လေ
တို့ကိုဘဲ သဘောကြလေသည်။

ဇွန်ပန်း
- ဇွန်ပန်းကို မြန်မာပြည်အနှံ့စိုက်ပျိုးနိုင်ပေသည်။
- ရေလောင်းပေးခြင်း ဖြင့် မိုးဦးကြချိန် ကဆုန်နယုန်လများတွင် ဖူးပွင့်ဝေဆာလေသည်။
- ဇွန်ပန်းရနံ့လေးဟာ သင်းပြီးစိတ်ကိုကြည်လင်စေသည်။
- ညနေပိုင်းတွင် ပန်းပွင့်လာပြီး အပင်နားတဝိုက် နှင့် ပန်းရှိသည့် တစ်အိမ်လုံးမွှေးပျံ့စေသည်။
- ပန်းရုံကြီးသဖြင့် တစ်ပင်နှင့်တစ်ပင် ၁၀တောင်ခွာ၍ စိုက်ပျိုးနိုင်လျင် ပိုကောင်းပေသည်။
- အဖူးအပွင့်များကို သီကုံးပြီး ရောင်းချရလို့ ဈေးကွက်တအားကောင်းပေသည်။

ဂန္ဓမာပန်း
- ဂန္ဓမာပန်းပင်က ပျိုးပင်ပေါက်လေးများဖြင့် စိုက်ပျိုးရပေသည်
- တောင်ပေါ် ဒေသ ပိုဖြစ်ထွန်းပြီး မြေပြန့်ဒေသတွင်လည်း ဖြစ်ထွန်းပေသည်။
- အပွင့်အရောင် အဖြူ အဝါ မျိုးစုံရှိပေသည်
- ဘောင်ခတ်ပြီး ရေပက်ဖျန်းနိုင်ရင် ပိုအဆင်ပြေပေမည်။
- ဆေးဖျန်းပေးခြင်း နောက်ချေး ချပေးခြင်းတို့ လုပ်ဆောင်ပေးရပေသည်။
- ဈေးကွက်တအားကောင်းလို့ စီးပွားဖြစ် စိုက်ပျိုးနိုင်ပေသည်။