နေမင်းကြီးက မိုးကောင်းကင်ပေါ်မှ ကမ္ဘာမြေပြင် ပေါ်သို့ အပူချိန်ပြင်းကာ အပူဓါတ်တွေ ပေးနေလေတော့သည်။ မိုးနတ်မင်းကြီးကလည်း လူသားတွေအေးမြစေဖို့နှင့် သစ်ပင်ပန်းပင်များ ရှင်သန်လန်းဆန်းစေဖို့ မိုးရေများလည်း မိုးကောင်းကင်မှ ရွာချပေးလေသည်။
နေပူလိုက်မိုးရွာလိုက်ဖြစ်နေ၍ ကမ္ဘာမြေပေါ်မှ သစ်ပင်များလန်းသလို ပန်းများလည်း ပွင့်ဖူးကြသလို လူသားတွေလည်း လှပ တင့်တယ်နေတော့သည်။ လူသားတွေလှပတင့်တယ်တဲ့ကြားမှ တနေ့ထက်တနေ့ပိုလှလာတာကတော့ ကျွန်တော့် My' Lover Model (mama)တစ်ယောက်ဖြစ်နေလေတော့သည်။
စတိုင်ကျကျဝတ်တယ်
မျက်မှန်လေး အမြဲတတ်ထားတယ်
အမြဲပြုံးနေတတ်တယ်
မြန်မာဆန်ဆန်ဝတ်တာများတယ်
အမြဲတမ်းလန်းဆန်းတက်ကြွတယ်
အဲတာကျွန်တော်ရဲ့ My' Lover Model (mama)ဖြစ်နေလေတော့သည်။
ဘယ်သူတွေ ဘယ်လောက် လှလှ ချောချောပါစေ ကျွန်တော့ My' Lover Model (mama)လောက် မလှဘူးလို့ထင်နေတာ အဆန်းကြီးဖြစ်နေမလားဟင်။
ဘာပြောပြော ကျွန်တော်ကတော့ တကယ် ဟုတ်ပေသည်မို့ ကြည့်မဝ ရှူမဝ ဖြစ်နေလေတော့သည်။