ကျွန်တော့သူငယ်ချင်းမမရဲ့ သူငယ်ချင်း ရန်ကုန်မြို့ကြီးကနေ အညာဒေသသို့ အလည်လိုက်လာလေတော့သည်။
ကျွန်တော့သူငယ်ချင်း ဖိုးပိန်က အိမ်လာပြီး သူ့အိမ်မယ် အရမ်းချောအရမ်းလှ နန်းဆန်သော ဆယ်လီမမရောက်နေကြောင်း လာပြီးအားရ ပါးရ ကြွားနေလေတော့သည်။
ကျွန်တော်ကလည်း သူငယ်ချင်း ဖိုးပိန်ကို
" ဟုတ်လား" တကယ် လန်းတာလား ဆိုပြီး သူစိတ်ကျေနပ်အောင် ပြောလိုက်လေတော့သည်။
ညနေရောက်ပြန်တော့ ဖိုးပိန်က ကျွန်တော့ကိုသူ့ခြံအိမ်သို့ ခေါ်လာပြီး ရန်ကုန်က မမမြို့ကြီးသူနှင့် မိတ်ဆက်ပေးလေတော့သည်။
တကယ်တော့ ရန်ကုန်မြို့ကြီးက မမမြို့ကြီးသူက ဖိုးပိန်ပြောတာထက် အဆပေါင်းများစွာ ပိုပြီးလှပနုပျိုနေလေတော့သည်။
ကျွန်တော်လည်း မမလို့နုတ်ဆက်ပြီး " ဟုတ် အခုလို ဆုံတွေ့ရတာ ဝမ်းသာပါတယ်လို့ နုတ်ဆက်လိုက်တော့ မမက ပြုံးပြလိုက်" လေတော့သည်။
မမဟာ တကယ် ကို
ချောပါသည်
ကြည့်မဝအောင် လှပေသည်
နန်းဆန်ပေသည်
မမအပြုံးက ရင်ထဲကို လှုပ်ခတ်သွားစေသည်
အိပ်ပျော်နေသော နှလုံးသားကို လန့်နိုးစေတော့သည်။
မမကို ရယ်ပြရင်း မကြားတကြားလေး " မမအရမ်းလှလို့" ပြောလိုက်တာ မမသိသွားပြီး နုတ်ခမ်း ဆူပြလိုက်တာ အခုထိမေ့မရနိုင်တော့ပေ။