မိပို ကို တစ်ရွာလုံးက ခင်ကြ ချစ်ကြပေသည်။ အလှူပွဲများ မင်္ဂလာဆောင်အခန်းအနား နှင့် ကျောင်းကန်ဘုရားပါမကျန် သာရေး နာရေး လူမှုရေးလုပ်ငန်းများတွင် အားတက်သရော ကိုယ်ရောစိတ်ပါ ကူညီလုပ်ဆောင်တတ်သူဖြစ်လေတော့သည်။
ထို့ကြောင့် မိပိုကို အားလုံးက သိကြခင်ကြချစ်ကြပေသည်။
မိပိုသည် အခြေခံအထက်တန်းအောင်းသူဖြစ်လေသည်။
ဘာသာရေး စာပေများလည်း အထူးလေ့လာသူတဦးဖြစ်လေသည်။
မိပို ဝါသနာပါတာကတော့ ရွာမယ် ဘာပွဲရှိရှိ အမှတ်တရ ဓါတ်ပုံရိုက်တာဖြစ်လေသည်။
အမြဲတမ်းလည်း ပြုံးနေတတ်ပြီး ရိုးသားသူမို့ ဓါတ်ပုံဆရာများကတောင် မိပိုဆိုလျင် ခင်ကြလို့ ဈေးလျှော့ယူကြတဲ့အထိ ဖြစ်လေသည်။
ရွာမယ် ဘာပွဲရှိရှိမိပိုကတော့ ပျော်နေပြီး အလုပ်များစွာကို သူငယ်ချင်းများနှင့် အတူတူ ဝိုင်းကူလုပ်ကြလေတော့သည်။
ဓါတ်ပုံရိုက်တိုင်း ပြုံးနေတတ်ပြီး ပျော်နေတာကတော့ သူဘဝရဲ့
အရိုးသားဆုံး ဆယ်ကျော်သက်ဘဝမို့ တကယ်ကို အားကြစရာဖြစ်လေတော့သည်။