ဒီနေ့ဆို မောင်နဲ့ မတွေ့ဖြစ်တာ ၁နှစ်ပြည့်တဲ့ နေ့လေးပေါ့။
မောင်တစ်ယောက် စင်္ကာပူကိုသွားတာ ၁နှစ်ပြည့်တဲ့ရက်ဆိုလည်း ဟုတ်နေပေတော့သည်။
စင်္ကာပူ အလုပ်နှင့်မသွားခင်ရက်က မောင်က စိတ်မချလို့ဆိုပြီး တဖွဖွပြောနေလေရဲ့။ မောင်ကျေနပ်အောင် အနေအထိုင်ဆင်ခြင်ပြီး မောင်ပြန်လာမည့်ရက်ကို လက်ချိုးကာ ရေတွက်ရင်း မျှော်နေရတာ လွမ်းမိတယ်အမှန်ပါလေ။
မောင်က အမြဲတမ်း မေ့ကို ချစ်တယ်ကွာ ချစ်တယ်ကွာလို့ တဖွဖွလေး ပြောနေတာကို အခုအချိန်ထိ နားထဲက မထွက်ပေ။ ပြန်လည်ကြားယောင်နေမိပါတယ်လေ။
မေကတော့ မောင့်ကို အရမ်းသတိရလျက်ပါ။ ဖုန်းဆက်လို့ရလည်း အလွမ်းကမပြေလို့ မောင်နဲ့ တွေ့နေကြ ရေကန်စပ်လေးမယ် တမ်းတနေမိလေတော့တယ်။
အခုလောက်ဆို မောင်အလုပ်တွေများ ပင်ပမ်းနေမလားဘဲ။
မေ့အတွက်ကြိုးစားပါရစေဆိုပြီး အလုပ်ကို ကြိုးစားလုပ်တာ အခုတစ်နှစ်ပြည့်တော့ မေ့ဆီ သိန်း၃၀၀ကျပ်လေးတော့ ပို့ထားပေမယ့် မေတကယ်လိုအပ်တာက မောင် ပါဘဲ။
ငွေက အဆင်ပြေရာသုံးလို့ရပေမယ့် အလွမ်းစိတ်ကိုတော့ ငွေက ဖြေဖြောက်လို့မရတာ အမှန်ပါ။