အားတင်းထား

Words
73
Reading
1 min
Listen
Play
9y

ဒီရက်ပိုင်း ငါမင်းကိုတွေ့တယ်

ခါတိုင်းတွေ့နေကျနဲ့မတူတော့သလိုပဲ

မင်းကိုကြည့်ရတာ ၀မ်းနည်းနေတဲ့

အရိပ်အယောင်တွေအများကြီးပဲ

ဒါပေမယ့် မင်းဘာမှမဖြစ်သလို ဟန်ဆောင်နေတာကိုလည်း ငါသိတယ်

မင်းပင်ပန်းနေတဲ့ပုံပဲ

မင်းမျက်လုံးထဲမှာ အထီးကျန်မှုတွေနဲ့

မင်းမျက်နှာကိုကြည့်ရတာ

အရင်ကလိုမလန်းဆန်းတော့ဘူး

မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့ပုံပဲ

မင်းရဲ့အပြုံးတွေက ၀တ္တရားဆန်လွန်းနေတယ်

မင်းရဲ့လှုပ်ရှားမှုတိုင်းက program

ချထားတဲ့စက်ရုပ်တရုပ်လို

အသက်မဲ့နေတာကိုလည်း ငါသတိထားမိတယ်

ငါမြင်ခဲ့ဖူးတဲ့မင်းက သန်မာပါတယ်

အမြဲလန်းဆန်းနေခဲ့တာပါ အမြဲတက်ကြွနေတဲ့

မျက်ဝန်းတွေနဲ့လူငယ်တယောက်ပါ

ရည်မှန်းချက်တွေကို လက်တွေ့အဖြစ်ပြောင်းယူမယ့် ပုံစံမျိုးပါ

ငါမင်းကိုတွေ့တိုင်း ယုံကြည်မှုအပြည့်ရှိနေတယ်လို့ ခံစားမိခဲ့တယ်

အခု မင်းနဲ့မင်း တယောက်တည်း ဆန့်ကျင်ဖက်ဖြစ်နေပြီ

ငါမင်းကိုအားမရဘူး မင်းရဲ့အားနည်းနေတဲ့

အကြည့်တွေကိုမကြိုက်ဘူး

စိတ်လျော့နေတဲ့အပြုံးတွေကိုမကြိုက်ဘူး

ခေါင်းငုံ့လိုက်တဲ့ မာနတွေကိုလည်း

သိပ်သဘောမတွေ့ဘူး

မင်းအရမ်းအားနည်းနေတယ် ပြုပြင်ပါကွာ

မင်းသန်မာဖို့လိုတယ် မင်းရှေ့ဆက်ပြီးရှင်သန်ဖို့

အများကြီးကျန်သေးတယ် ငါကြားဖူးတယ်

စိတ်ဓာတ်ပြိုလဲတာ အဆိုးရွားဆုံးရှုံးနှိမ့်မှုတဲ့

ပြန်ထပါ မင်းကသန်မာပြီးသားပါ

ကိုယ့်ထက်ဆိုးရွားနေတဲ့သူတွေဆီကအတုယူပါ

အဆင်မပြေဖြစ်နေတာ ကိုယ်တယောက်တည်း

မဟုတ်ဘူးဆိုတာ နားလည်ထားပါ

လူတိုင်းအခက်ခဲကိုယ်စီနဲ့ဆိုတာသတိရပါ

အခုပြုပြင်ပြီးရင် နောက်တော့

ဒီထက်ပိုခံနိုင်ရည်ရှိလာမှာပါ စိတ်ဓာတ်မကျပါနဲ့

ကိုယ့်ကိုယ်ကိုအားကိုးပါ ကိုယ့်အပေါ်မှာ

ကိုယ့်ထက်နားလည်မှုပေးနိုင်တဲ့သူမရှိဘူး

ဒါကြောင့်...

နောက်တကြိမ် မင်းနဲ့ငါ မှန်ထဲမှာပြန်ဆုံတဲ့အခါ

အရင်ကမင်းကိုပြန်မြင်ချင်တယ်...

အားတင်းထား | Ecency