''ပိုတာကိုအပ်'' [original writing by poeei]

poeei(40)
Published in
#photo
Words
130
Reading
1 min
Listen
Play
8y

12696083_928815390548728_1489461950_n.jpg
#photo credit to image source.

တခါက မြို့နဲ့ မနီးမဝေးက ရွာတစ်ရွာမှာ ကိုချစ်စရာဆိုတဲ့ အသက်၄၀ခန့် လူပျိုကြီး တစ်ယောက်ရှိသတဲ့။အဲ့ဒီ လူပျိုကြီးကိုချစ်စရာဟာ ထူးခြားပါတယ်။ဘာလို့လည်းဆိုတော့ သူဟာ သူနဲ့အသက်ရွယ်တူတန်းတူ အပျိုကြီးတွေကို မကြိုက်ဘူး။အသက်ငယ်ငယ် အပျိုလေးတွေကိုသာ ကြိုက်သတဲ့။ဒါ့ကြောင့် ရွာထဲမှာရှိတဲ့ အပျိုလေးတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံပိုးပန်းနေတော့တာပေါ့။

Kkmar48.jpg
#photo credit to image source.

လူပျိုကြီးကိုချစ်စရာဟာ အသားမည်းတာရယ်၊သွားခေါတာရယ်၊လက်ကြောမတင်းတာရယ်၊အလုပ်အကိုင် မယ်မယ်ရရမရှိတာရယ်ကြောင့် ရွာကအပျိုလေးတွေက သူ့ကို ပြန်မကြိုက်ကြဘူးတဲ့။ဒါ့ကြောင့် လူပျိုကြီး ကိုချစ်စရာခမျာ ''ကိုယ်ကချိန်လိုက် လင်နောက်လိုက်'' ဆိုသလိုပဲ သူကပိုးလိုက် အပျိုလေးတွေက ယောက်ျားယူသွားလိုက်နဲ့ ကျန်ရစ်ဖြစ်နေရတာပေါ့ကွယ်။

Kkmar18.jpg
#photo credit to image source.

ဒါပေမယ့် လူပျိုကြီးကိုချစ်စရာ မပိုးပန်းရသေးတဲ့ထဲမှာ ရွာတောင်ပိုင်းက မုဆိုးမကြီး မတင်ပုရဲ့ သမီးလေး မရွှေမိတစ်ယောက်တော့ကျန်သေးတယ်။ဒီလိုနဲ့ လူပျိုကြီး ကိုချစ်စရာ တစ်ယောက် အပျိုလေး မရွှေမိကို ပိုးပန်းဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။
မရွှေမိက တစ်ဦးတည်းသော သမီးပါ။ရွာမှာ စက်ချုပ်တယ်။သူ့အမေ မတင်ပုကလည်း ကျမ်းမာရေးသိပ်မကောင်း။အဲ့ဒီတော့ မရွှေမိခမျာလည်း အားကိုးစရာ ယောက်ျားသားက မရှိဆိုတော့ အားငယ်နေရရှာတာပေါ့။

Sketch3139658.png
#photo credit to image source.

ဒီလိုနဲ့ လူပျိုကြီးကိုချစ်စရာက လာပြီးပိုးပန်းတဲ့အခ်ျန်မှာ မရွှေမိခမျာ ''မချစ်သော်လည်းအောင့်ကာနမ်း'' ဆိုသလိုပေါ့။လူပျိုကြီးကိုချစ်စရာက ပိုးပန်းတဲ့စိတ်နဲ့ မရွှေမိအိမ်မှာ ရေခပ်၊ထင်းခွေအပြင် အိမ်မှုကိစ္စ တောက်တိုမယ်ရတွေအကုန်လုပ်ပေးပါတော့တယ်။

sketch-1462160000804.jpg
#photo credit to image source.

လူပျိုကြီးကိုချစ်စရာအနေနဲ့ကတော့ အဲလို အလုပ်တွေလုပ်ပေးမှ ယောက်္ခမလောင်းကြီးကလည်း ကြည်ဖြူမယ်။မရွှေမိလေးကလည်း သူ့အပေါ်ယုံကြည်အားကိုးလာမယ်လို့ စိတ်ထဲ ထင်မှတ်နေသတဲ့။မရွှေမိတို့ သားအမိအနေနဲ့ကလည်း ယုံကြည်စိတ်ချရတဲ့ ကျွန်တစ်ယောက်အလကားရလိုက်သလို ဖြစ်နေတော့ အတော်လေး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသတဲ့။
ဒီလိုနဲ့ တနေ့တော့ မရွှေမိက လူပျိုကြီးကိုချစ်စရာကို သူ့စက်ချုပ်ဆိုင်အတွက် လိုအပ်တာလေးတွေနဲ့ တိုလီထွာလီလေးတွေကို စာရင်းစာရွက် တစ်ရွက်ရေးပြီး မြို့ကို ဈေးဝယ်ခိုင်းလိုက်ပါတော့တယ်။
အပိုင်း (၂)ကို ဆက်လက်ရေးသားပါဦးမယ်။အားပေးကြပါဦးနော်။
author - poeei
2.8.2018

''ပိုတာကိုအပ်'' [original writing by poeei] | Ecency