ရပကွက်​သတင်းစုံစီနဖာ

pocker(46)
Published in
#artzone
Words
92
Reading
1 min
Listen
Play
8y

image

အဆိုတော် မနောသည် ကျွန်ုပ်အား နှစ်တိုင်း နားဒုက္ခပေးလေသည်

မနှစ်က ငါက ဗိုလ်အောင်ဒင် နင်ကဒါကိုမမြင်

ဒီနှစ်ကျတော့ မိချောရေ မိချောရေ မုန့် လုံး

ထို့ အတူ ဒီနှစ်ထဲ နားဒုက္ခပေးသော တခြားသီချင်းများမှာ အောက်ပါအတိုင်းဖြစ်လေသည်

  1. မနောရဲ့  မိချောရေ မုန့် လုံး

  2. လေးဖြူ ရဲ့  အမဲလိုက်အက

  3. Loka Loka Toka Toka

  4. ဂျင်နီဖာလိုပတ် ရဲ့  On the Floor

  5. Panama

တခြား အက်ရာထင်နေသော ဒီဂျေ သီချင်းများရှိသေးသည်

ဘောက်ငှားထားသောသူများသည် ဘောက်ဖိုးနှင့်တန်အောင် အသံများကိုကျယ်လောင်စွာ ဖွင့်လေသည်

အချိန်ကိုမကြည့် မနက်စောစော 7:30 လောက်ကတည်းကပင်စတင်၍ ဖွင့်လေသည်

အိပ်နေသေးသော သူများသည် သူတို့ ၏ ကျက်သရေတုံးသော အသံသေး အသံကြောင် များကြောင့် လန့် နိုးလာသည်

ညနေ 3:00 နာရီလောက်ဆိုရင် မဏ္ဍပ်တွင် နိုက်ကလပ်ရောက်နေသကဲ့သို့  ယောက်ျားလေးတွေကော မိန်းကလေးတွေကော အရက်တွေမူးကြပြီး ကကြပေတော့မည်

ယခုနှစ်သင်္ကြန်မှာ ၄ ရက်ထဲဖြစ်သောကြောင့်တော်သေးသည်

ယနေ့ ကား ယခုနှစ်သင်္ကြန်ရဲ့  နောက်ဆုံးနေ့ အတက်နေ့ ပင်တည်း မနက်ဖြန်မှစပြီး နားဒုက္ခများ ကင်းဝေးပေတော့မည်

ယခုစာရေးနေတုန်း နားဒုက္ခများကြားထဲကနေ တင်လိုက်ရပါသည်

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါသည် နားဒုက္ခများရန်ကကင်းဝေးပါစေ
image

ရပကွက်​သတင်းစုံစီနဖာ | Ecency