ဒါပေမယ့် အရာရာဟာ
ကိုယ်လိုချင်သလို ဖြစ်လာမှာမှ မဟုတ်ပဲလေ
ဖြစ်လာတဲ့အတိုင်း လက်သင့်ခံလိုက်ရရုံပေါ့။
တစ်နေ့ကျရင် ...
ပြန်လာမယ်လို့ မှာခဲ့လို့သာ စောင့်နေမိတဲ့ ကျွန်မပါ
တစ်နေ့ကျရင် ဖြစ်လာမယ်ဆိုတဲ့ အတွေးနဲ့
လေထဲ တိုက်အိမ်ဆောက်နေမိတဲ့ ကျွန်မ
အခု မမျှော်တော့ဘူးနော်။
ပြန်မလာတော့ဘူးမလာ ..
ပျော်မယ်ထင်လို့ရွေးခဲ့တာပဲ မပျော်လဲ ပျော်အောင်နေပါ
ယောင်လို့တောင် ပေါ်မလာနဲ့တော့ ။