လာဘူဘူ အရုပ် ဝယ်ချင်ကြလား

Words
103
Reading
1 min
Listen
Play
1y

လာဘူဘူ အရုပ်ဆိုတာ ဘယ်လို အရုပ်လဲ သိချင်ရင် ဒီ မဂ္ဂဇင်းလေးမှာ သွားဖတ်ကြည့် နိုင်ပါတယ်။

https://thecornermm.com/v6_business-1/

အင်ဂလိပ်လို စာလုံးပါင်းက Labubu dolls ပါ။ တရုတ်ပြည်က ထုတ်တာတဲ့ဗျာ။ ဒေးဗစ်ဘက်ဟမ်း နဲ့ ရီဟားနာ တို့ကတောင် ဝယ်စုကြတယ်တဲ့ဗျာ။

တစ်ရုပ်ကို အနည်းဆုံး ဒေါ်လာ ၂၀ ပေးရတယ်။ မြန်မာ ငွေနဲ့ဆို ၈၅၀၀၀ ကျပ်လောက် ပေးရမယ် ထင်တယ်။

မတန်ပါဘူး။ လှလည်း မလှဘူး။ တလောက ဒီဗွီဘီ ရုပ်သံက သတင်းမှာလည်း အဲဒီအရုပ် အကြောင်း ပြောသွားသေးတယ်။

သတင်း‌လေးက တရုတ်ပြည်က ထုတ်ကုန်တွေ အနောက်တိုင်းကို ထိုးဖောက်လာတဲ့ အကြောင်းပါ။

တရုတ်ပြည်က လဖက်ရည် လက်ဝတ်ရတနာ ရေခဲမုန့် လက်ကိုင်အိတ် တွေက အနောက်တိုင်းကို ထိုးဖောက်လာတဲ့ အကြောင်းပါ။

ကျွန် တော်က တစ်ခုမှ မကြားဖူး မသုံးဖူးပါဘူး။ ဒီ ဆောင်းပါး ဖတ်ပြီးမှ စသိတာပါ။ ကြားဖူးနားဝ ရှိသွားတာပေါ့ဗျာ

စာဖတ်သူတို့လည်း မဂ္ဂဇင်း လင့်လေးကို သွားဖတ်ကြည့်ပြီး မိမိ မိတ်ဆွေများထဲက စာပေ ဝါသနာပါသူ တွေကို မျှဝေ ပေးကြပါဦး

https://thecornermm.com/v6_business-1/

တရုတ်ပြည်က ချာဂီ နို့လဖက်ရည် သောက်ဖို့ အသာထားဦး ရွှေပုလ္လင် လဖက်ရည်တောင် နပ်မှန်အာင် မသောက်နိုင်ပါဘူး။

ဒီ မဂ္ဂဇင်း အသစ်လေးကို နှစ်သက်တယ်ဆိုရင် rate တွေ comment တွေ ဝင်ပေးနိုင်ပါတယ် ခင်ဗျာ

စာဖတ်သူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျှက်

From phyowinkoko7@phyowinkoko7

လာဘူဘူ အရုပ် ဝယ်ချင်ကြလား | Ecency