Prohance သွားဝယ်တဲ့ ကျနော်

Words
98
Reading
1 min
Listen
Play
1y

ဒီနေ့ မနက် အမေ့အတွက် Ensure Milk Powder သွားဝယ်တယ်

Stepn လမ်းလျှောက်ဂိမ်းလည်း ကစားချင်သဖြင့် ဆေးဆိုင်ကို လမ်းလျှောက်သွားပါတယ်

ဆေးဆိုင်က ဘတ်စ်ကား နှစ်မှတ်တိုင် အကွာအဝေးမှာ ရှိပါတယ်

ဘတ်စ်ကားမစီးဘဲ နှစ်မှတ်တိုင်ကို လမ်းလျှောက်သွားပါတယ်

ဆေးဆိုင်မှာ Ensure က မရှိပါဘူး ဆီးချိုသမားတွေ သောက်တဲ့ တံဆိပ်တွေပဲ ရှိတယ်

ဒါနဲ့ လမ်းလျှောက်ဂိမ်းကလည်း ဒီနေ့လျှောက်ရမယ့် ကိုတာ မကုန်သေးရာ အပြန်ကိုလည်း ဘာဆေးမှ မဝယ်ဘဲ လမ်းဘဲလျှောက်ပြန်လာတယ်

လမ်းထဲရောက်တော့မှ လမ်းထိပ်က City Mart က City Care ဆေးဆိုင်ဝင်ပြီး Ensure ရှိလား မေးကြည့်တယ်

City Care ဆေးဆိုင်မှာလည်း Ensure က မရှိပါဘူး အလားတူတွေတော့ ရှိတယ်ဆိုပြီး ဆေးဆိုင်ဝန်ထမ်းက လိုက်ပြပါတယ်

လူကြီးတွေသောက်တဲ့ Appeton Wellness 60+ ရယ် Prohance ဆိုတဲ့ တံဆိပ်ရယ်ပြပါတယ်

ဒါနဲ့ပဲ Prohance 200 g တစ်ထုပ် ဝယ်လာခဲ့ပါတယ်

အဲဒီတံဆိပ်ကို တစ်ခါမှတော့ အမေ့ကို မတိုက်ဖူးဘူး စမ်းတိုက်ကြည့်မလို့ပါ

ပုံကို အောက်မှာ ပြထားပါတယ်

အိန္ဒိယ နိုင်ငံထုတ်ပါ 28500 ကျပ် ပေးရပါတယ်

Image 1

Image 2

Image 3

လမ်းလည်း နှစ်မှတ်တိုင်လောက် အသွားအပြန် လျှောက်လိုက်ရတော့ ဒီနေ့အဖို့ ကိုတာ အတော်ကုန်သွားတယ်

phyowinkoko7@phyowinkoko7

25 October 2025

ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်

Prohance သွားဝယ်တဲ့ ကျနော် | Ecency