ဪ english

Words
144
Reading
1 min
Listen
Play
1y

df7b85183384419b62ceb2b982b36a85.jpg

တစ်နေ့က အွန်လိုင်းပေါ် စကားလုံး တစ်လုံး တွေ့မိလို့ ဂူဂဲလ်မှာ ရိုက်ရှာကြည့်တယ်။ စကားလုံးက angel shot တဲ့။

ဘန်းစကားလားတော့ မသိပါဘူး။ AI က ရှင်းပြတာတော့ ဘားတွေမှာ အကူအညီ လိုအပ်ရင် ဘားဝန်ထမ်းတွေဆီက အကူအညီ တောင်းတဲ့အခါမှာ သုံးလို့ရတဲ့ လျှို့ဝှက် စကားလုံးတဲ့။

ဘားတွေမှာ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အန္တရာယ် ပြုတာနဲ့ ကြုံရရင် ဘားဝန်ထမ်းကို I need an angel shot, please. လို့ ပြောလိုက်ရင် ဝန်ထမ်းက သင် အခက်တွေ့နေရပြီ။ အကူအညီ လိုအပ်နေပြီလို့ သိပါတယ်။ ထိုအခါ သင့်ကို သင့်ရဲ့ ကားဆီ လိုက်ပို့ပေးတာ။ တက္ကဆီ ငှားပေးတာ။ ဒါမှမဟုတ် အန္တရာယ်က ကြီးမားရင် ရဲကို ဖုန်းဆက်ပေးတာတို့ လုပ်ပေးနိုင်ပါတယ်။

ဒါက သောက်စရာ အရည်တစ်မျိုးမျိုးကို မှာတာတော့ မဟုတ်ပါဘူး။ ကိုယ်လိုအပ်တာကို တိတိကျကျ ပြောချင်ရင် တခြား အသွင်ကွဲလေးတွေနဲ့ ပြောလို့ ရပါသေးတယ်။

An angel shot straight up / neat
ဒါကတော့ သင့်ကို သင့်ကားဆီ ချက်ချင်း လိုက်လံ ပို့ဆောင်ပေးဖို့ အကူအညီ တောင်းတာပါ။
An angel shot on the rocks
ဒါကတော့ သင့်ကို တက္ကဆီ သို့မဟုတ် Uber ငှားပေးဖို့ အကူအညီ တောင်းတာပါ။
An angel shot with lime
ဒါကတော့ ရဲကို ချက်ချင်း ဖုန်းဆက်ပေးဖို့ ပြောတာပါ။

ကျွန်တော်သာ ဘားဝန်ထမ်းဆိုရင် သောက်စရာ အရည် တစ်မျိုးမျိုးကို ပြင်းပြင်းလေး ဖျော်ခိုင်းတာ၊ ရေခဲထည့်ခိုင်းတာ၊ သံပုရာရည် ညစ်ထည့်ခိုင်းတာလို့ ထင်မိမယ် ထင်ပါတယ်။

အမေရိကားမှာက ၆၈ စက္ကန့်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်ခု ဖြစ်နေပါတယ်တဲ့။ ဒီတော့ လူဆိုးလူသွမ်းတွေလည်း မရိပ်မိအောင် ဘားလည်း နာမည်မပျက်အောင် လူမသိစေဘဲ အကူအညီ ပေးလို့ရပါတယ်တဲ့ ခင်ဗျာ

ဗဟုသုတလေး ရလိုရညား တင်ဆက်လိုက်ရပါတယ်။ စာရှုသူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျှက်ပါ။

ဪ english | Ecency