နင်ရှိရာ

Words
66
Reading
1 min
Listen
Play
8y

နင်ရှိရာ

FB_IMG_1524741042882.jpg
Credit :Facebook Photo

ငါကိုယ်တိုင်ကပဲ
အလွမ်းတွေ ကို နှစ်သက်မိနေတာလား…?
တနေ့ တနေ့  မလွမ်းမိတဲ့ နေ့ ရက်
မလွမ်းမိတဲ့ အချိန် ဆိုတာ မရှိပါလားကွာ

အဝေးမှာ ရောက်နေတဲ့  ချစ်သူကို
ယောင်လို့ တောင် မမေ့ဖြစ်ခဲ့ပါဘူး။

နင်ကတော့
အဝေးတနေရာမှာ
အဆင်ပြေနေတယ်လို့ ပြောနေလဲ
ယနေ့ ထိတိုင် စိတ်မချ နိုင်သေးဘူး။

တကယ်တော့
ငါ က အစွဲလမ်းကြီးတဲ့ လူတယောက်ပါ။

ဘာတွေပဲတွေးနေပါစေ
ဘယ်တွေပဲလုပ်နေပါစေ
နင့် ဆိုတာ
ငါအတွေး ငါအိမ်မက်ထဲမှာ
ထိပ်ဆုံးက အစဉ် နံပါတ် တစ်ပါ။

နင် ကမ်းပေးတဲ့ 
လက်တစ်စုံကို ဆုပ်ကိုင်မိဖို့ 
ခရီးရှည် တခုကို နှင်လာခဲ့ပြီ
ချစ်တဲ့ သူရယ်………။
📝ရေးသားသူ ဖြိုးဝေအောင်📝

Author phyowaiaung@phyowaiaung
MSC-115
image

နင်ရှိရာ | Ecency