Clock

Words
95
Reading
1 min
Listen
Play
9y

လက်ပတ်နာရီ ဝတ်တတ်ဖို့IMG_20180404_120257.jpg

အချိန်ဆိုတာ လူသားတိုင်းအတွက် တကယ့်ကိုအရေးပါတဲ့အရာတစ်ခုပါ။

ဒါကြောင့်လည်း လူတွေက တိကျတဲ့အချိန်ကို သိစေဖို့ လက်ပတ်နာရီတွေကို တန်ဖိုးထားဝတ်ဆင်ကြပါတယ်။

ဒီလိုလက်ပတ်နာရီတွေကို ဝတ်ဆင်တဲ့အခါ သင့်တော်တဲ့နေရာမှာ ရွေးချယ်ဝတ်ဆင်တတ်ဖို့ အကြံဥာဏ် ကောင်းလေး ပေးလိုက်ပါတယ်။

(၁) အရည်အသွေးကောင်းတဲ့နာရီတွေ

သင့်တော်တဲ့အချိန်အခါနဲ့ နာရီတွေကိုလိုက်ဖက်အောင်ဝတ်ဆင်တတ်ဖို့ဆိုရင် နာရီအမျိုးအစား အရည်အသွေးတွေအလိုက် ဝတ်ဆင်တတ်ဖို့လိုပါတယ်။ အားကစားနာရီတွေက အပြင်ထွက်တဲ့အခါ အားကစားလုပ်တဲ့အချိန်တွေမှာရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ တချို့အားကစားနာရီတွေမှာဆိုရင် ဒီဂျစ်တယ်စနစ် သံလိုက်အိမ်မြောင်ပါတဲ့အတွက် တောင်တက်တဲ့အခါ စက်ဘီးစီးတဲ့အခါမှာ သုံးရင်အဆင်ပြေပါတယ်။ လက်ကောက်လိုပုံစံ လက်ပတ်နာရီတွေက ဆွဲဆောင်မှုရှိတဲ့စတိုင်လ် တွေဖြစ်ပေမယ့်လည်း ဒါတွေကအားကစားလုပ်ဆောင်တဲ့နေရာတွေမှာဝတ်ဆင်ဖို့ မသင့်တော်ပါဘူး။

(၂) ရတနာပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့နာရီတွေ

တချို့လူတွေက နာရီကိုကျောက်မျက်ရတနာတွေနဲ့ အလှဆင်တာကိုသဘောကျတတ်ကြပါတယ်။ ဥပမာ Rose Gold အရောင်အမျိုးသားဝတ်အင်္ကျီကို ဝတ်ဆင်ထားတယ်ဆိုရင် Rose Gold အရောင်ကျောက်မျက်ရ တနာတွေနဲ့ လုပ်ထားတဲ့လက်ပတ်နာရီအမျိုးအစား ဒါမှမဟုတ် ငွေရောင်နဲ့ပြုလုပ်ထားတဲ့ လက်ပတ်အဆင်တန်ဆာ နာရီမျိုးနဲ့တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၃) လက်ပတ်ကြိုးပြောင်းလဲနိုင်တဲ့နာရီတွေ

လက်ပတ်ကြိုးပြောင်းလဲဝတ်ဆင်နိုင်တဲ့ နာရီတွေဆိုရင်လည်း သင့်တော်တဲ့နေရာ၊အချိန်အခါအလိုက် ပြောင်းလဲပြီးဝတ်ဆင်နိုင်ပါတယ်။ သရေကြိုးပတ်နာရီကြိုးတွေက မတူညီတဲ့ခံစားမှုတွေပေး နိုင်အောင် ခပ်လန်းလန်းအရောင်စုံပါတဲ့နာရီကြိုးတွေကို အလွယ်တကူလတ်ပတ်ကြိုးပြောင်းလဲပြီး ဝတ်ဆင်နိုင်ပါတယ်။

ဒီနည်းလမ်းကတော့ နာရီတစ်မျိုးတည်းကို မတူညီတဲ့ကြိုးပုံစံတွေပြောင်းလဲဝတ်ပြီး အမျိုးအစားများများ ဝတ်ဆင်လို့ရနိုင်ပါတယ်။

(၄) ပွဲတက်နာရီတွေ

တချို့တန်ဖိုးကြီးတဲ့နာရီတွေက ပွဲအခမ်းအနားတွေတက်ရောက်တဲ့အခါ တွေမှာဝတ်ဆင်သင့်ပါတယ်။ ဈေးကြီးပေးပြီးဝယ်ရတဲ့ တန်ဖိုးကြီးနာရီတွေကို ခရီးသွားတဲ့အခါမှာမဝတ်ဆင်သင့်ပါဘူး။ သွားလာနေရင်း နဲ့ပျောက်နိုင်လို့ ခရီးသွားရင်ထိန်းသိမ်းရတာက စိတ်ရှုပ်ဖို့ကောင်းပါတယ်။ ရှေးဟောင်းလက်ပတ်နာရီတွေ၊ တန်ဖိုးကြီးနာရီတွေကနေ့တိုင်းဝတ်ဆင် အသုံးပြုဖို့ မသင့်တော်ပါဘူး။

Written..phyothethtar@phyothethtar
Ref..Wow Box

Clock | Ecency