တော်မဝင်ပေမယ့်
ပန်းတိုင်းနဲ့ ယှဉ်ရဲတယ်………
အပွင့်ရယ်က ကတ္ကီပါ
အညှာမှာ မြရည်စိမ်း
လှ ယဉ် ကျော့ ယိမ်း………
မွှေးပျံလို့ ချိုသာသာ
မစာနာ သူညာရက်လျှင်
ဆတ်ဆတ်ခါ ရင်မှာနက်အောင်
ဆူးခတ်လို့ စိမ်း
ပန်းပါပဲ သခင်
တုယှဉ်ခါ မာန်မခြားပါဘူး
ဖြူ ဝါ ပြာ မြ နီ ကဲရုံပေါ့
ခေါင်းမော့ စဉ်မြဲ…………