တပို့တွဲလပြည့်

Words
70
Reading
1 min
Listen
Play
3y

မင်္ဂလာညချမ်းလေး မိတ်ဆွေတို့ရေ

ဒီနေ့ တပို့တွဲလပြည့်မှာ
မြန်မာလူမျိုးတို့ရဲ့ရိုးရာမပျက်

ထမနဲနဲ့ ယာဂုတွေ ထိုးကြပြီး
တစ်အိမ်တက်ဆင်း ဝေတဲ့
အလှူတွေက ကျွန်မမြတ်နိုးရတဲ့
ချစ်စရာဓလေ့ ပါ

အခါတိုင်း လပြည့်တွေထက်
ယနေ့ည တပို့တွဲလပြည့်က
မအေးလွန်ပဲ စိမ့်စိမ့်လေးနဲ့
နေလို့ အရမ်းကောင်းတယ်လို့
ခံစားရတယ်ရှင့်

ဒီညမှာ
ကျွန်မအနေနဲ့
မဟာသမယသုတ်စေတီ
၂၅ဆူမြောက်ကို
ရွတ်ပွါးပူဇော် ပြီးခဲ့ပါပြီ

ကျွန်မရဲ့ကုသိုလ်အစုစုတို့ကို
စာဖတ်သူတို့ကို
ထပ်တူအမျှ ရစေဖို့
အမျှ အမျှ အမျှပေးပါရစေရှင့်

မဟာသမယသုတ်ကို
ပုံမှန်အတိုင်း မြတ်စွာဘုရားကို
ပူဇော်ခြင်းထက်

တဆင့်ပြီးတဆင့်
ရွတ်ဖတ်ပူဇော်ရင်း
မေတ္တာပို့ကာ
မဟာသမယသုတ်စေတီတည်ရခြင်းကို
ကျွန်မ ပိုနှစ်သက်ရ၏

နောက်ဆုံးအပိုဒ်ဖြစ်သော

စေတီတော်၏ မူရင်းသိဒ္ဓိသည်
ငါ၏ ခန္ဓာ၌တည်စေသောဝ်

စေတီတော်၏ အပွါးများစွာတို့သည်
မမြင်ရသောပုဂ္ဂိုလ်တို့၏
ဆွမ်း ပန်း ရေချမ်းကပ်၍
ဦးချရာ ဖြစ်စေသောဝ် ဟူသည့်

ဆုတောင်း စကားသည်ပင်
ကျွန်မ ကြည်နူးပီတိဖြစ်ရသော
ဆုပန်ခြင်း ဖြစ်၏

မိမိကောင်းမှုအစုစုတို့ကြောင့်

မြန်မာပြည်ကြီး
သာယာအေးချမ်းပါစေ
ဆန္ဒပြုလျက်