The Soul Mate vs Voluntary

Words
115
Reading
1 min
Listen
Play
2y

တီဖြိုးက တကယ်တော့ အလုပ်ကံ အရမ်းကောင်းတဲ့သူပါ ဘယ်နားနေနေ အလုပ်ကရှိတယ်

ခုညနေ အိမ်ပြန်တော့
အိမ်ဖက်က ဆိုင်မှာ
စာစီဖို့ အလုပ်များနေကြတယ် မနေနိုင်လို့ ဝင်လုပ်ပေးတော့

လာအပ်တဲ့သူက တခြားနယ်ကမို့
သူလိုအပ်တာကို
ကိုယ့်ဆိုင်serviceအတိုင်းပဲ လုပ်ပေးလိုက်ရင်း
သူလိုတာ တချို့အပြင်က ထွက်ဝယ်ပေးလိုက်တာပါပဲ
(မိုးတော့ချုပ်သွားတယ်)

ကျသင့်ငွေ ၃၀၀၀ပဲယူတာကို

ဇွတ် ၃သောင်း အပိုပေးတယ်
တို့ညီမတွေ လက်မခံခဲ့ပါဘူး

သူပြန်ဖို့အတွက် လိုက်ဖို့ကို
ကယ်ရီပါရှာပေးလိုက်တယ်
ဒါကကိုယ်တွေ မိသားစုဝင်တိုင်းရဲ့
အကျင့်တစ်ခုပါ
(တစ်ဖက်သားကို ကူညီခြင်းကို
ဒါနကုသိုလ် တစ်ခုလို့ မှတ်ယူကြပါတယ်)

ခဏနေကျတော့
ထို အမျိုးသားက
ကယ်ရီနဲ့ ပြန်ရောက်ချလာပါရော

လက်ဆောင်လေးလက်ခံပေးပါ ခင်ဗျာတဲ့

ငြင်းပေမယ့်မရတဲ့အဆုံး လက်ခံလိုက်ပါတယ်

အမြဲတစေ လက်ဆောင်လေးတွေ ကျွန်တော်ရတတ်ပါတယ်
တစ်ဦးမေတ္တာ တစ်ဦးစေတနာရဲ့ ပြကွက်တစ်ခုပါရှင့်

တစ်ဖက်သားကို
လုပ်ပေးလိုက်တိုင်း
ကူညီတိုင်းက
ကိုယ်တိုင်လုပ်ပေးချင်လို့ကို
လုပ်ပေးတာပါ

ဒါကို

  1. အသိမှတ်ပြုသူ
  2. ဖာသိဖာသာနေသူ
  3. ပြန်ဒုက္ခပေးသူ
    အကုန်ကြုံဖူးပါတယ်

အမှတ်စဉ် ၂နဲ့ ၃အတွက် တစ်ခါတစ်ရံ စိတ်တိုရတတ်ပေမယ့်

အမှတ်စဉ်၁ကပေးတဲ့
ကြည်နူးရမှုလေးကြောင့်
ကိုယ်လူတွေကို ကူညီရမှာ
သိပ်တွန့်တိုလေ့မရှိတော့ပါဘူး

မနေ့ညကဆို
လူတွေကို ကူညီဖို့
အမြဲ မျက်နှာလွှဲတတ်သူအကြောင်း ဇာတ်လမ်းလေး ကြည့်ရပါတယ်

သူဘာလို့ မကူညီရဲတော့တာလဲ
နောက်ဆုံးမှာ သူ ကူညီလာချင်အောင်
လှုံဆော်မှုတစ်ခုရယ်
ဇာတ်သိမ်းရယ်က
ကျွန်မ တော်တော်ခံစားရပါတယ်

အခုလို မိုးအေးအေးမှာ
ရသကောင်းကောင်းလေးခံစားချင်ရင်
ဒီ The Soul-mate ဆိုတဲ့
ကိုရီးယားဇာတ်လမ်းလေး
ကြည့်ကြည့်ပါအုံးလို့
ဝေမျှရင်း

ချစ်ရသူအားလုံး
စိတ်လက်ကျန်းမာပျော်ရွှင်ပါစေရှင့်

ချစ်တဲ့ တီဖြိုး
May 20th 2024

Credit photo to korea dreamer owner

The Soul Mate vs Voluntary | Ecency