မိုးရာသီနဲ့ ခေါက်ထီးလေးအကြောင်း

Words
89
Reading
1 min
Listen
Play
2y

စနေမိုးတွေ တောင်ကြီးမှာ စွေနေတာ
၂ပတ်တောင် ရှိပါပေါ့လား မိတ်‌ဆွေရေ

မိုးအေးအေးမို့
စောင်ထဲလည်း ကွေးမရ
အခါတိုင်းလို ဖုန်းလေးသုံးရင်း
ဇိမ်ကျဖို့ကျ လိုင်းတွေက မမိ

ဒါနဲ့ပဲ ထိုင်နေကြ ကော်ဖီဆိုင်မှာ
စာအုပ်ရှာဖတ်ရင်း ဇိမ်ခံနေလိုက်တာ

ဒီနေ့မှ ကိုယ်ကောက်ဖတ်မိတဲ့စာအုပ်လေးနာမည်က
"ခေါက်ထီးကလေး မလုံ့တလုံ"တဲ့
စာရေးဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)ရဲ့
လက်ရာလေး
Uploading photo_2024-06-01_16-33-41.jpg #87

စာအုပ်နာမည် ရင်းနှီးလို့နေပေမယ့်
မဖတ်ဖူးသေးတော့
ကော်ဖီဆိုင်ထိုင်ရင်း ဖတ်ဖြစ်တာ
တစ်မျက်နှာ နှစ်မျက်နှာကနေ
ကျွန်မ လက်ထဲက မချချင် ဖြစ်ခဲ့ပါပြီ

ဒါနဲ့ ကော်ဖီဆိုင်ကို ခွင့်တောင်းပြီး
အိမ်ငှားပြန်ခဲ့တယ်

၂၀၁၅လောက်ကစပြီး
အလုပ်ပြီး အလုပ်အပြင်
ဖုန်းနဲ့ အင်တာနက်သုံးတာက
ကျွန်မအတွက် စာအုပ်တစ်အုပ်ကို
တစ်ထိုင်တည်း ဖတ်ဖြစ်တယ်ဆိုတာ
မရှိသလောက်ပါပဲ

အစပျိုးတွေ ရှည်နေရော့မယ်
ဇာတ်လမ်းလေးကို စကြပါစို့

ဒီဇာတ်လမ်းလေးမှာ
ရှေ့နေမလေးမွန်နဲ့
သူ့ရဲ့ အဆောင်အခန်းဖော်လေး ကြွေတို့အကြောင်း
အဓိက ဖော်ညွှန်းသွားတာပါ

အရေးအသားအဖွဲ့လေးက
ရင်ထဲ ဟာကနဲ
ဟင်ကနဲပါပဲ

အခုခေတ် မြန်မာမိန်းကလေးတွေ
ဖတ်သင့်တယ်လို့
ကျွန်မကတော့ ထင်တယ်

ခံယူချက်တွေကွဲပြားရာက
လုပ်ဆောင်ချက်လေးတွေ မတူ
တစ်နေ့ကစ အစပြုလိုက်ရတဲ့ဘဝက
တစ်ဘဝစာဖြစ်ခဲ့ရတာလေးတွေ
တွေးမှတ်ရင်း

မိတ်ဆွေတို့လည်း
ဒီဝတ္ထုက ဖတ်ပြီးသားဆိုရင်

အခါအခွင့်ရများရရင်
ဝေမျှပေးပါအုံးလို့
တောင်းဆိုရင်း

ချစ်တဲ့ တီဖြိုး
June 1st 2024

မိုးရာသီနဲ့ ခေါက်ထီးလေးအကြောင်း | Ecency