Human Being daily life

Words
67
Reading
1 min
Listen
Play
2y

လူဆိုတာကြီးက
တကယ်တော့
ကိုယ့် story ထဲမှာ
ကိုယ်တိုင်ပိတ်မိနေတာလို့ပြောရင်
လက်ခံမလား မိတ်ဆွေတို့ရေ

ဒီမနက်
ဘဝမှာ အမှတ်တမဲ့ကြုံရတာက
ဝမ်းထဲ အပ်ချည်စိမ်း
အထွေးလိုက်ကြီး
ပါလာတာပါပဲ

သန့်ရှင်းရေးလုပ်ရင်း
စအိုဝမှာ ညှိနေတော့
ဆွဲပြီး အိမ်သာခွက်ထဲထည့်
ရေဆွဲချလိုက်တာ

အစက ဖာသိဖာသာပါပဲ
ပြန်တွေးရင်က
သံကောင်လည်းမဟုတ်
ဘာမဟုတ်နဲ့

လူပြောပြောကြတဲ့
အပင်း ဆိုတာလား

တစ်နေကုန်
ဒီအပ်ချည်စိမ်း ကိစ္စပဲ
အာရုံ များနေတာ

စပ်စုတတ်သူမို့
အမှုမဲ့အမှတ်မဲ့ကို
တစ်ထစ်ချင်း ပြန်လိုက်တွေးရတာ

တကယ်တော့ အာရုံပါပဲ

ပစ္စည်းပျောက် ငရဲရောက်ထပ်
ဆိုးတာမျိုး

ဟိုလူလား ဒီလူလား
ငါ ဘာဖြစ်လို့လဲ

မေးခွန်းတွေက တသီကြီး

မိတ်ဆွေတစ်ထောင်
ရန်သူတစ်ကောင်
ဘာဖြစ်ဖြစ်ပါစေ

ကျွန်တော့အနေနဲ့တော့
Storyတွေ ထပ်ရေးပြီး
ခံစားမနေတော့ပါဘူး

ဤမျှနဲ့ ချန်ခဲ့လိုက်ပါပြီ
မုန်းသူကြင်သူ မခွဲ
အားလုံး ကျန်းမာစေဖို့သာ
ဆန္ဒပြုလျက်

တီဖြိုး
10th Apirl 2024

Human Being daily life | Ecency