ဂင်းနစ်

phyochay(32)
Published in
#busy
Words
156
Reading
1 min
Listen
Play
8y

ဂရင်းနစ်မှတ်တမ်းစာအုပ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ထင်ရှားတဲ့စံချိန်တွေကို ရေးမှတ်ထားတဲ့ မှတ်တမ်းစာအုပ်ကြီးလည်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော်ကို ရောင်းချနေဆဲဖြစ်သလို ဘာသာပေါင်း ၂၃ ဘာသာအထိ ပြန်ဆိုပြီးဖြစ်တယ်လို့ သိရပါတယ်။ ဂရင်းနစ်ဆိုတဲ့အမည်က အိုင်ယာလန်နိုင်ငံမှာရှိတဲ့ Arthur Guinness ဘီယာကုမ္ပဏီကနေ အစပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဂရင်းနစ်မှတ်တမ်းစာအုပ် စတင်ဖြစ်ပေါ်လာပံု ကတော့ ၁၉၅၁ ခုနှစ်မှာ အိုင်ယာလန်၊ Wextford County မှာ ပြုလုပ်ခဲ့တဲ့ အမဲလိုက်ပွဲတစ်ပွဲကနေ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီပွဲမှာ ဂင်းနက်ဘီယာချက်စက်ရံုရဲ့ မန်နေးဂျင်းဒါရိုက်တာ Sir Hugh Beaver နဲ့ ကစားဖော်တွေက ရွှေရောင်ဒီးလံုးငှက်ဟာ ဥရောပတိုက်အတွင်း အမဲလိုက်ရာမှာ အမြန်ဆံုးပျံသန်းနိုင်တဲ့ငှက် ဟုတ်မဟုတ် အငြင်းအခံု ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဖြစ်စဥ်ကို အခြေပြုကာ Sir Hugh က ဒီလို အဖြေအားလံုးကို ဖော်ပြနိုင်မယ့် စာအုပ်ဟာ အလွန်ရောင်းချရဖွယ် ရှိမယ်လို့ တွေးမိပါတယ်။ အဲဒီအချိန်က အားကစားစံချိန်တွေကို ချိုးနေတဲ့ အားကစားသမား Chris Chataway က လန်ဒန်မှာရှိတဲ့ Park Royal Brewery မှာ ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိရာ သူနဲ့ အားကစားပြိုင်ပွဲတွေမှာ တွေ့ဆံုခဲ့ဖူးတဲ့ Norris နဲ့ Ross McWhirter တို့က မှတ်တမ်းစာအုပ်မျိုး ပြုစုဖို့ Sir Hugh ကို ထောက်ခံတင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာ Sir Hugh က Norris နဲ့ Ross McWhirter တို့ ညီအစ်ကိုကို ဂရင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ပြုစုထုတ်ဝေပေးဖို့ လုပ်ငန်းအပ်နှံလိုက်ပါတယ်။ သူတို့ဟာ အကြောင်းရပ်အားလံုးရဲ့ အမြန်ဆံုး၊ အနှေးဆံုး၊ အကြီးဆံုး၊ အသေးဆံုး၊ အလေးချိန်အများဆံုး၊ အလေးချိန်အပေါ့ဆံုး၊ အရှည်ဆံုး၊ အတိုဆံုးစတာတွေကို တစ်နှစ်ကြာအောင်ပင်ပင်ပန်းပန်း ရှာဖွေပြုစုခဲ့ကြပြီးနောက် ပထမဆံုးစာအုပ်ကို ၁၉၅၅ ခုနှစ် သြဂုတ်လ ၂၇ ရက် မှာ ထုတ်ဝေခဲ့ပါတယ်။ စထုတ်ဝေခြင်းမှာပဲအောင်မြင်မှုရရှိပြီး ဗြိတိန်နဲ့ တစ်ကမ္ဘာလံုးမှာ စံချိန်တွေနဲ့ပတ်သက်ပြီး အားကိုးအားထားပြုရတဲ့အရင်းမြစ်အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ ၂ဝဝ၄ ခုနှစ်မှာ သူတို့ညီအစ်ကို ကွယ်လွန်သွားခဲ့တဲ့အတွက် ခေတ်တစ်ခေတ်ကုန်ဆံုးသွားသလို ဖြစ်ရပေမယ့်လည်း သူတို့ညီအစ်ကိုဆောင်ရွက်ခဲ့တဲ့ သမိုင်းဝင်စာအုပ်ရဲ့ လက်ဆင့်ကမ်းတာဝန်တွေက ရှင်သန်နေဆဲဖြစ်ပါတယ်။ သူတို့ရဲ့ မှတ်တမ်းစာအုပ်ထဲမှာ ရေအောက်ထဲတယောထိုးပြသူ၊ ပန်းသီးတွေကိုပြတ်ထွက်မသွားစေပဲ တစ်ဆက်တည်းအခွံနွှာပြသူ၊ စတဲ့ ဖြစ်ရပ်ပေါင်းများစွာကို ဖော်ပြရေးသားထားပါတယ်။ ဒါကြောင့် ဒီလို ထူးခြားဖြစ်စဥ်မှတ်တမ်းပေါင်းစံုပါဝင်ပြီး နှစ်စဥ် စောင်ရေ ၃ သန်းကျော် ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ဒီကနေ့အထိ မှတ်တမ်းအသစ်တွေလည်း ဆက်လက်ဖြစ်ပေါ်ဆဲဖြစ်ပါတယ်။

ဂင်းနစ်​ | Ecency