လေ​ကြောင်းတိုက်​ခိုက်​​ရေးစနစ်

phyochay(32)
Published in
#busy
Words
117
Reading
1 min
9y
Listen to this post
~1 min

နစ်
ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ လေယာဉ်နဲ့ ဒုံးကျဉ်ပစ်ခတ်ရေးလက်နက်အကြောင်းတင်ပြပါမယ်။
surface-to-air missile (SAM) (သို့) ground-to-air missile (GTAM) လို့လည်း ခေါ်ဆိုကြပါတယ်။ လေပေါ်ပျံဝဲသွားလာနေတဲ့ လေယာဉ်တွေ၊ ဒုံးကျဉ်တွေကို မြေပြင်ပေါ်ကနေ ပစ်ခတ်နှိမ်နင်းရတဲ့လက်နက်လည်းဖြစ်ပါတယ်။ လေယာဉ်တိုက်ခိုက်မှုစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး ခေတ်မီလက်နက်ကိုင်တပ်ဖွဲ့တွေအတွက် မရှိမဖြစ်ပါပဲ။

SAM လို့ခေါ်တဲ့ လေကြောင်းတိုက်ခိုက်ကာကွယ်ရေးဒုံးကျဉ်ဟာ တခြားလက်နက်တွေ၊ သေနတ်တွေထက်ပိုမို အသုံးတည့်တဲ့ လက်နက်တွေလည်းဖြစ်ပါတယ်။ ဒီလက်နက်ဟာ ဒုတိယကမ္ဘာစစ်အတွင်း စတင်ပေါ်ပေါက်ခဲ့ဖွယ်ရှိပြီး တခြားကာကွယ်ရေးစနစ်တွေကိုလည်း ဒုတိယကမ္ဘာစစ်အတွင်းမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ၁၉၄၀ ကနေ ၁၉၅၀ အတွင်းမှာ ဒီစနစ်တွေက ဦးဆောင်ခဲ့ပြီး ၁၉၅၀ ၀န်းကျင်မှာလည်း ပထမဆုံးတိုက်ခိုက်ရေးစနစ်ကို စတင်မိတ်ဆက်ခဲ့ကြပါတယ်။ ဒါပေမယ့် စနစ်ကအားနည်းလွန်းနေပြီး နီးကပ်တဲ့ အကွာအဝေးကိုသာ ပစ်ခတ်နိုင်ပါတယ်။ ၁၉၆၀ ၊ ၁၉၇၀ ခုနှစ်တွေအထိ အရမ်းကြီး မပြောင်းလဲသေးပဲ man-portable ကို ခေတ်စနစ်နဲ့ အညီ ခေတ်မီစွာနဲ့ အဆင့်မြှင့်တင်ခဲ့ပါတယ်။ Shipborne System လို့ခေါ်တဲ့ စနစ်ကိုတော့ မြေပြင်အခြေပြုအနေနဲ့ တည်ဆောက်ခဲ့ပြီး အကွာအဝေးရှည်ရှည်ကို လှမ်းပြီး ပစ်ခတ်နိုင်ပါတယ်။ gun based system တွေကိုလည်း တည်ဆောက်ဖန်တီးခဲ့ကြပြီး အတိုဆုံးအကွာအဝေးကိုသာ ပစ်ခတ်နိုင်ပါတယ်။ အမေရိကန်ရဲ့ Nike Ajax လက်နက်ဟာ ပထမဆုံး guided missile SAM စနစ်ဖြစ်ခဲ့ပြီး ဆိုဗီယက်ကတော့ S-75 Dvina ကို အသုံးပြုခဲ့ပါတယ်။

ဒီကနေ့ခေတ်မှာတော့ မြေပြင်အခြေပြုလေကြောင်းဖြိုခွဲမှုလက်နက်တွေကို ကမ္ဘာတစ်ဝန်းကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီး Patriot၊ S-300 နဲ့ S-3000 တို့လည်း အပါအ၀င်ဖြစ်ပါတယ်။ SM-6 ကိုတော့ ရေတပ်တွေမှာ အသုံးပြုခဲ့ကြပါတယ်။ ဒါ့အပြင် တခြားအမျိုးအစားများစွာလည်း ထွက်ပေါ်ခဲ့ပြီး Stinger နဲ့ Strela-3 တို့ကတော့ တာတိုပစ်လက်နက်နည်းပညာတစ်ခုဖြစ်ပါတယ်။

လေ​ကြောင်းတိုက်​ခိုက်​​ရေးစနစ်​ | Ecency