Beautifully

Words
65
Reading
1 min
9y
Listen to this post
~1 min

တစ်ခါတစ်လေ....သူက
အဝေးကကြယ်တွေကို ရွှန်းရွှန်းစားစား
ငေးနေတတ်တယ်....
နူးညံ့တဲ့သူ့ဆံနွယ်တွေ
လေနှင်ရာကို ချွန်းချွန်းဝဲဝဲလွင့်လို့......
ဘယ်သူ့အဆိုအမိန့်မှမဟုတ်ပေမယ့်
သူ့အတွက်ဆိုရင် ကိုယ့်အချစ်တွေကို
ရင်ငွေ့တွေနဲ့ သွန်းလုပ်ထုဆစ်နေမိတယ်.....
ငါယုံတယ်.....နင့်နှလုံးသားက
အလေးချိန်ခပ်စီးစီးနဲ့ ဖြူစင်နေမယ်ဆိုတာ.....
တစ်ချက်တစ်ချက် နင်က
မြှားတင်ပြီးလေးညှို့နေတဲ့ ရန်သူကိုတောင်
ချစ်စရာကောင်းအောင်တွေးတတ်တဲ့
ကောင်မလေးပေါ့.....
မျက်ဝန်းက ခပ်ရွှန်းရွှန်းလေး....
ဟုတ်တယ်....နင်အရမ်းလှတယ်.....
နွေရာသီလဝန်းကလေးလိုပဲ....ဖြူဖြူဖွေးဖွေးလေး....
ငါ သေခါနီးကျရင် နင့်ပါးလေးကို
ဖွဖွလေးပွတ်နေချင်မိတယ်....
မွှေးမွှေးလေးလဲ ပေးချင်တယ်....
လူလစ်ရင်....အဲ....နင်လည်းခွင့်ပြုရင်ပေါ့....
လွတ်လွတ်လပ်လပ်လေးဝန်ခံချင်တယ်....
နင့်ကိုငါ မြတ်နိုးကိုးစားတဲ့အကြောင်း....
အမှတ်တမဲ့ဆုံခဲ့ရတယ်ဆိုပေမယ့်
ကိုယ် အမြဲအသစ်ဖြစ်အောင်
ပြန်ပြန်တွေးပြီး သတိရနေခဲ့တယ်.....
"မြတ်မြတ်သွယ်" တဲ့....အဲ့နာမည်လေး
လည်ပင်းမှာချိတ်ဆွဲမထားပေမယ့်
ဘယ်ဘက်ရင်အုံမှာတော့ သံမှိုနဲ့တင်းတင်းရိုက်ပြီး
ထာဝရအတွက် ချိတ်ဆွဲထားတယ်.....
"ဧဒင်ဥယျာဉ်မှာရောင်းတဲ့ ၁၅၀၀တန်
ပန်းသီးလေးတစ်လုံးလောက်
ဝယ်ကျွေးပါလား...." လို့ ပြောတဲ့အခါ
သူ အိစက်စက်လေးပြုံးတတ်တယ်....
နောက်ဆုံး.......
နာရီကို ငုံ့ကြည့်ပြီး "အိမ်ပြန်ရတော့မယ်" လို့
ပြောလာတတ်တဲ့ သူ့နှုတ်ခမ်းဖူးဖူးလေးတွေကို
ငါ....ကြင်ကြင်နာနာ မုန်းမိတယ်......။ ။

Beautifully | Ecency