Microsoft က လေးနှစ်နီးပါးတီထွင်အပြီးနောက်မှာအမေရိကန်နဲ့ ဗြိတိန် မှာiOSအတွက် Soundscape App ကို ဖြန့်ချိပေးလိုက်ပါတယ်။
သူဟာမျက်စိမမြင်သူများ၊ အမြင်အာရုံမကောင်းသူများကိုအိမ် အပြင်ဘက်မှာ သွားလာရာမှာအသံဖြင့် လမ်းညွှန်ပေးနိုင်ပါတယ်။
App က ကော်ဖီဆိုင်လိုသင်သွားမယ့် တည်နေရာကိုရောက်အောင် လမ်းညွှန်ပေးနိုင်သလိုသင့်ရဲ့ တည်နေရာနဲ့ သင့် ပတ်ဝန်းကျင်မှ အရာများကိုလည်းအချိန်နဲ့တစ်ပြေးညီပြောပြပေးနိုင်ပါတယ်။ App ကိုစတီရီယိုနားကြပ်တစ်ခုနဲ့ တွဲဖက် အသုံးပြုရမှာ ဖြစ်ပြီးသင်ဖြတ်သွားတဲ့ လမ်းအမည်များ၊ အဆောက်အဦများကိုနားကြပ်ကနေအသံထွက် ဖတ်ပြပေးမှာ ဖြစ်ပါတယ်။
Soundscape ကိုသီးခြားအသုံးပြုနိုင်သလိုအခြားတည်နေရာလမ်းညွှန်တဲ့ ကိရိယာများ၊ လမ်းပြတိရိစ္ဆာန်များ၊ နည်းစနစ်များဖြင့်လည်းတွဲဖက် အသုံးပြုနိုင်ပါတယ်။ မျက်စိမမြင်သူများ၊ အမြင်အာရုံမကောင်းသူများ ကိုအမှီအခိုကင်းစွာရပ်တည်နိုင်အောင် အားပေးကူညီနေတဲ့ အဖွဲ့အစည်း များ ဖြစ်တဲ့ Guide Dogs UK , Guide Dogs for the Blind , Light House for the Blind တို့နဲ့ App ကိုပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပါတယ်။
Microsoft က User များရဲ့ တုန့်ပြန်မှုများအလိုက် သူ့ကိုပိုမို တိုးတက် အောင် ဖန်တီးမှာ ဖြစ်ပြီးအနာဂတ်မှာ ကမ္ဘာအ၀န်းမှ အမြင် အာရုံ မကောင်းသူသန်း ၃၀၀ ကျော်ကိုကူညီနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါ တယ်။Microsoft က လေးနှစ်နီးပါးတီထွင်အပြီးနောက်မှာအမေရိကန်နဲ့ ဗြိတိန် မှာiOSအတွက် Soundscape App ကို ဖြန့်ချိပေးလိုက်ပါတယ်။
သူဟာမျက်စိမမြင်သူများ၊ အမြင်အာရုံမကောင်းသူများကိုအိမ် အပြင်ဘက်မှာ သွားလာရာမှာအသံဖြင့် လမ်းညွှန်ပေးနိုင်ပါတယ်။
App က ကော်ဖီဆိုင်လိုသင်သွားမယ့် တည်နေရာကိုရောက်အောင် လမ်းညွှန်ပေးနိုင်သလိုသင့်ရဲ့ တည်နေရာနဲ့ သင့် ပတ်ဝန်းကျင်မှ အရာများကိုလည်းအချိန်နဲ့တစ်ပြေးညီပြောပြပေးနိုင်ပါတယ်။ App ကိုစတီရီယိုနားကြပ်တစ်ခုနဲ့ တွဲဖက် အသုံးပြုရမှာ ဖြစ်ပြီးသင်ဖြတ်သွားတဲ့ လမ်းအမည်များ၊ အဆောက်အဦများကိုနားကြပ်ကနေအသံထွက် ဖတ်ပြပေးမှာ ဖြစ်ပါတယ်။
Soundscape ကိုသီးခြားအသုံးပြုနိုင်သလိုအခြားတည်နေရာလမ်းညွှန်တဲ့ ကိရိယာများ၊ လမ်းပြတိရိစ္ဆာန်များ၊ နည်းစနစ်များဖြင့်လည်းတွဲဖက် အသုံးပြုနိုင်ပါတယ်။ မျက်စိမမြင်သူများ၊ အမြင်အာရုံမကောင်းသူများ ကိုအမှီအခိုကင်းစွာရပ်တည်နိုင်အောင် အားပေးကူညီနေတဲ့ အဖွဲ့အစည်း များ ဖြစ်တဲ့ Guide Dogs UK , Guide Dogs for the Blind , Light House for the Blind တို့နဲ့ App ကိုပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပါတယ်။
Microsoft က User များရဲ့ တုန့်ပြန်မှုများအလိုက် သူ့ကိုပိုမို တိုးတက် အောင် ဖန်တီးမှာ ဖြစ်ပြီးအနာဂတ်မှာ ကမ္ဘာအ၀န်းမှ အမြင် အာရုံ မကောင်းသူသန်း ၃၀၀ ကျော်ကိုကူညီနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါ တယ်။