photo credit
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် မြောက်ပိုင်း
အစွန်အဖျားက ကံသာအေးရွာကလေးပါ
ယခုဆိုလျင် အိမ်ခြေ (၁၂၀)ခန့်ရှိနေပါပြီ
သို့သော်လည်း မူလတန်းကျောင်းလုံးဝမရှိသေးပါ
အနီးဆုံး ဘုန်းကြီးကန်ကျေးရွာကိုကျောင်းသွားတက်နေရပါတယ်
၁ မိုင်ခန့်ဝေးကွာတဲ့ နေရာကို နေ့စဉ်ကျောင်းသွားတက်နေရတဲ့ မူလတန်းအရွယ် ကလေးငယ်များရဲ့
ဒုက္ခက မသေးပါ
ကန်သာအေးရွာမှာ မူလတန်းကျောင်းဖွင့်လှစ်နိုင်ခဲ့ပါက
ကန်သာအေးရွာပတ်ဝန်းကျင် တောထဲတွင်အတည်တကျနေထိုင်ပြီးထန်းတက်လုပ်ကိုင်စားသောက်နေကြသောမိသားစု
၂၀ ခန့်က ကလေးငယ်များလည်း အလွယ်တကူပညာသင်ကြားနိုင်မှာဖြစ်ပါတယ်
ကံသာအေးရွာ မူလတန်းကျောင်းဖွင့်လှစ်နိုင်ရေး
လက်လှမ်းမီသမျှ ကူညီအားပေးကြဖို့
ဝိုင်းဝန်းကြဖို့နှိုးဆော်အပ်ပါတယ်
ကျေးရွာကအိမ်ခြေ၉၀နဲ့စာသင်ကျောင်းဆောက်နိုင်ဖို့ဆိုတာရွာကဝင်ငွေအားကောင်းမှအစိုးရကမလုပ်ပေးရင်ကိုယ်ထူကိုယ်ထလုပ်ဖို့ဆိုတာသိန်းတစ်ရာငွေအနည်းဆုံးရှိမှရမယ်အိမ်ခြေ ၉၀ လုံးကခွဲတမ်းကျပေးနိုင်ပါမှရမယ်နော်အစိုးရကိုတင်ပြပေးကြဖို့အကြံပြုပါတယ်
ဘုန်းကြီးကန်နဲ့ကဆက်ပဲဆက်တော့မယ် ဦးစိတ်ကျောင်းနဲ့ ကျားတံခါးပေါက်အပြင်ဘက်က ကွက်သစ်တွေထပ်ပြီးချဲ့လိုက်ရင် နှစ်ရွာဆက်ပြီလေ
ဘုန်းကြီးကန်ကျောင်းက ရွာအရှေ့ထိပ်ရောက်နေပြီး ကန်သာအေးက အနောက်ဘက်ရောက်နေလို့ ပါ
အရမ်းမဝေးလှပါဘူး